အသေးစားနှင့်အလတ်စား
စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေး တကြီး လိုအပ်နေသည့်
SMEs Law မှုကြမ်း အား လွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ရာ လာမည့်ဇွန်လ
အတွင်း ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ဥပဒေအကြံပေး သူများ အတွင်းပါဝင်သည့် စီးပွားရေး လုပ်ငန်းရှင်များက မဇ္ဈိမသို့ ထုတ်ဖေါ် ပြောကြားလိုက်သည်။အဆိုပါ ဥပဒေအား မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် UMFCCI တွင် မေလ ၁၈
ရက်က အပြီး သတ်ဆွေးနွေးရေးဆွဲခဲ့ ကာ အမြန်ဆုံး ထွက်ပေါ်နိုင်ရေး အတွက်
မေလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပသော အရေးပေါ် လွှတ်တော် အစည်းအဝေးသို့ တင်သွင်း
ခဲ့သည်။
စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်(လှိုင်သာယာ စက်မှုဇုန်ဥက္ကဌ)
က “SMEs ဥပဒေက လွှတ်တော်ကို တင်လိုက်ပြီးပြီ ။ လွှတ်တော်မှာကလည်း အခြားဥပဒေက
ရှိနေသေးတဲ့အတွက် ခုချိန်ထိ ဆွေးနွေးတာကို မတွေ့တာတော့မတွေ့ရသေးဘူး။
သမ္မတကြီး ကလဲ ဒီဥပဒေကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့အတွက် ဆန္ဒရှိနေတော့
လာမယ့် ဇွန်လထဲမှာကို ထွက်လာနိုင်တယ်။ ဒီဥပဒေနဲ့အတူ အနည်းဆုံး အခကြေးငွေ
ဥပဒေပါ ထွက်လာဖို့များတယ်” ဟု မဇ္ဈိမသို့ ပြောသည်။
မြန်မာ့စီးပွားရေးလျှင်မြန် မာစွာဖွံ့ဖြိုးစေရေးအတွက် နိုင်ငံအတွင်းရှိစီးပွားရေး လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် အထိဖြစ်သော အသေးစားနှင့်အလတ်စား လုပ်ငန်းများတိုးတက်ရန်လိုအ ပ်ကြောင်း ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ က မကြာခဏထောက်ပြပြောကြားလျှက် ရှိသည်။
အထက်ပါဥပဒေမူကြမ်းရေးဆွဲရာတွင် အကြံပေးတစ်ဦးအဖြစ်ပါဝင်းထားသော
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက
“ကျွန်တော့အထင်တော့ ဇွန်လထဲမှာပဲ အပြီးဖြတ်ပေးလိမ့်မယ်ထင် တယ်။ ဒီဥပဒေ
ထွက်လာတာက အရမ်းကိုကောင်း တယ်။ ဒါမှလည်း SME တွေလုပ်ကိုင်ရတာ
ပိုအဆင်ပြေမယ်။ ဒါပေမယ့် ဒီ SMEs ဥပဒေကို အကောင်အထည်ဖော်မယ့်သူက အရေး
ကြီးတာ ဥပဒေထဲမှာ ပါတဲ့အတိုင်းလည်း အပြင်မှာ လုပ်ပေးဖို့လိုတယ်။ ဥပဒေက
ဥပဒေအတိုင်းပဲရှိပြီး လုပ်တဲ့အပိုင်းက တစ်မျိုး ဆိုရင် တော့
မျှော်လင့်တကြီးနဲ့
ဖြစ်လာတဲ့ ဥပဒေက ဘာမှအဓိပ္ပာယ်ရှိမှာမဟုတ်ဘူး ” ဟု မဇ္ဈိမသို့ ပြောသည်။
ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်း
(SME ) များအတွက် မြန်မာနိုင်ငံတွင် ဥပဒေ အတည်တကျ ပြဋ္ဌာန်းထားခြင်းမရှိပဲ
စက်ယန္တယားများ၏ မြင်းကောင်ရေအင်အား၊ လုပ်သားဦးရေ၊ မတည်ငွေ အရင်းအနှီး
စသည့်တို့အပေါ် တွင်အခြေပြုကာ ၁၉၉၀ပြည့်နှစ်တွင် ချမှတ်ခဲ့သည့်
မူဘောင်အတွင်းမှသာ
ဆောင်ရွက်နေရခြင်းကြောင့် နိုင်ငံတော်၏ ကူညီပံ့ပိုးမှုနှင့် အခွန်ကောက်ခံမှု ဆိုင်ရာကိစ္စများတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
စီးပွားရေးလုပ်ငန်းရှင် ဦးမြတ်သင်းအောင်(လှိုင်သာယာ
မြန်မာ့စီးပွားရေးလျှင်မြန်
အထက်ပါဥပဒေမူကြမ်းရေးဆွဲရာတ
ဖြစ်လာတဲ့ ဥပဒေက ဘာမှအဓိပ္ပာယ်ရှိမှာမဟုတ်ဘူး
ပြည်တွင်းရှိ အသေးစားနှင့်အလတ်စားစီးပွား
ဆောင်ရွက်နေရခြင်းကြောင့် နိုင်ငံတော်၏ ကူညီပံ့ပိုးမှုနှင့် အခွန်ကောက်ခံမှု ဆိုင်ရာကိစ္စများတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။
မဇ္စို့မ သတင်းဌာန