သြစတြေးလျအစိုးရက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ အကြောင်းပြချက်မခိုင်လုံတဲ့ အတွက် နောက်ထပ် သီရိလင်္ကာ လူမျိုး ၂၈ယောက်ကိုသီရိလင်္ကာမြို့တော်ကိုလန်ပိုကို ပြန်ပို့လိုက်တယ်လို့သိရပါ တယ်။
သီရိလင်္ကာလူမျိုး ၂၈ယောက်ပါအဖွဲ့ကို ခရစ္စမတ်ကျွန်းကနေ သီရိလင်္ကာနိုင်ငံကို မေလ ၂၈ရက်နေ့က ပြန်ပို့ခဲ့တာဖြစ်ပြီးတော့ အခု သီရိလင်္ကာနိုင်ငံကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီတော့ သီရိလင်္ကာနိုင်ငံထဲကို ပြန်ပို့ခံရတဲ့ သီရိလင်္ကာလူမျိုး တစ်ထောင်နှစ်ရာကျော်လောက် ရှိသွားပြီးလို့သိရပြီး များသောအားဖြင့် သူတို့ရဲ့ ဆန္ဒမပါပဲ ပြန်ပို့ခံရတဲ့သူတွေဖြစ်တယ် လို့ ဆိုပါတယ်။
တဆက်ထဲမှာပဲ သြစတြေးလျနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက
သြစတြေးလျနိုင်ငံ အနောက်တောင်ဖက်ခြမ်းမှာ တရားမ၀င်အလုပ်လုပ်နေတဲ့
မလေးရှားလူမျိုး ခြောက်ဦးကိုလည်း ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့  သိရပါတယ်။
အာဏာပိုင်တွေက မလေးရှားလူမျိုး ငါးဦးနဲ့ အမျိုးသမီးတဦးကို နေအိမ်တအိမ်မှာ တွေ့ရှိခဲ့ပြီးတော့ သူတို့တွေအားလုံးက သြစတြေးလျနိုင်ငံက ကမ္ဘာလှည့်ခရီးသွားဗီဇာကို ရက်ကျော်ပြီး နေထိုင်တဲ့အပြင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ တရားမ၀င်အလုပ်နေတာဖြစ်ပါတယ် ။
အခုသူတို့ကို သြစတြေးလျနိုင်ငံအနောက်ဖက်ြ ခမ်းပြည်နယ်မြို့တော်ဖြစ်တဲ့  Perth မြို့က လူဝင်မှုထိမ်းသိမ်းရေးစခန်းကိုခေါ်ဆောင်သွားပြီး သူတို့ကိုပြန်ပို့နိုင်ဖို့ အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။
အလုပ်ရှင်ကိုလည်း သြစတြေးလျနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်ခွင့်ရှိတဲ့ သူတွေကိုပဲ ငှားရမ်းလက်ခံဖို့ သတိပေးလိုက်တယ်လို့သိရပါတယ် ။
Radio Australia - Myanmar
ခရစ္စမတ်ကျွန်းကနေ သီရိလင်္ကာနိုင်ငံကိုပြန်ပို့ ခံရတဲ့ ခိုလုံခွင့်တောင်းခံသူ သီရိလင်္ကာလူမျိုးများ (Credit: ABC licensed)
သီရိလင်္ကာလူမျိုး ၂၈ယောက်ပါအဖွဲ့ကို ခရစ္စမတ်ကျွန်းကနေ သီရိလင်္ကာနိုင်ငံကို မေလ ၂၈ရက်နေ့က ပြန်ပို့ခဲ့တာဖြစ်ပြီးတော့ အခု သီရိလင်္ကာနိုင်ငံကို ရောက်ရှိနေပြီလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီတော့ သီရိလင်္ကာနိုင်ငံထဲကို ပြန်ပို့ခံရတဲ့ သီရိလင်္ကာလူမျိုး တစ်ထောင်နှစ်ရာကျော်လောက် ရှိသွားပြီးလို့သိရပြီး များသောအားဖြင့် သူတို့ရဲ့ ဆန္ဒမပါပဲ ပြန်ပို့ခံရတဲ့သူတွေဖြစ်တယ်
တဆက်ထဲမှာပဲ သြစတြေးလျနိုင်ငံလူဝင်မှုကြီ
အာဏာပိုင်တွေက မလေးရှားလူမျိုး ငါးဦးနဲ့ အမျိုးသမီးတဦးကို နေအိမ်တအိမ်မှာ တွေ့ရှိခဲ့ပြီးတော့ သူတို့တွေအားလုံးက သြစတြေးလျနိုင်ငံက ကမ္ဘာလှည့်ခရီးသွားဗီဇာကို ရက်ကျော်ပြီး နေထိုင်တဲ့အပြင် စိုက်ပျိုးရေးလုပ်ငန်းတွေမှ
အခုသူတို့ကို သြစတြေးလျနိုင်ငံအနောက်ဖက်ြ
အလုပ်ရှင်ကိုလည်း သြစတြေးလျနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်ခွင့်ရှိတဲ
Radio Australia - Myanmar
ခရစ္စမတ်ကျွန်းကနေ သီရိလင်္ကာနိုင်ငံကိုပြန်ပို့