အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

မြန်မာနိုင်ငံအနောက်ပိုင်းမှာ တရုတ်စွမ်းအင်ကုမ္ပဏီ ၆လုံး တည်ဆောက်ပြီးစီး

မြန်မာနိုင်ငံအနောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်က ကျွန်းတစ်ကျွန်းမှာ တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ CNPC ကုမ္ပဏီက ရေနံသိုလှောင်ကုန် ၆ လုံးတည်ဆောက်ပြီးသွားပြီဖြစ်ပြီး အဲဒီသိုလှောင်ကန်တွေကနေ တရုတ်ပြည်ကို သွယ်တန်းမယ့် ပိုက်လိုင်း ၁ ခုဟာလည်း လာမယ့် ၆ လအတွင်းမှာ ပြီးစီးမှာဖြစ်တယ်လို့ သိရပါတယ်။ဒီလိုတည်ဆောက်ပြီးစီးမှုကြောင့် တရုတ်နိုင်ငံကို ရေနံတင်ပို့တဲ့ သင်္ဘောတွေအနေနဲ့ ကမ္ဘာပေါ်မှာ သင်္ဘောအသွားအလာ အထူထပ်ဆုံးရေကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး သွားစရာမလိုတော့ပဲ မြန်မာနိုင်ငံ အနောက်ကမ်းလွန် မဒေးကျွန်းကတဆင့် ရေနံတွေကို တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။
ဒီကျွန်းကနေ တစ်ရက်ကို ရေနံစိမ်းပေပါ ၄၄၀,၀၀၀ နဲ့ သဘာဝဓါတ်ငွေ့ ကုဗမီတာ သန်းပေါင်း ၁၂,၀၀၀ ကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကို တိုက်ရိုက်တင်ပို့နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ရေနံပိုက်လိုင်းကနေတင်ပို့မှုကို လာမယ့် ၂၀၁၄ ခုနှစ်မှာ စတင်လည်ပတ်မှာဖြစ်ပြီး သဘာဝဓါတ်ငွေ့တင်ပို့မှုကတော့ မေလကုန်မှာစတင်လည်ပတ်နိုင်ဖို့ စီစဉ်ထားခဲ့တယ်လို့ CNPC က ပြောပါတယ်။

တရုတ်ကုမ္ပဏီအနေနဲ့ ရေနံစိမ်း ကုဗမီတာ ၁ သိန်းဆံ့တဲ့ သိုလှောင်ကန် ၆ ကန်ကို တည်ဆောက်ပြီးခဲ့တာဖြစ်ပြီး နောက်ထပ်ပြီး အလားတူ သိုလှောင်ကန် ၆ ကန် ဆက်ပြီးဆောက်သွားဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

မဒေးကျွန်းမှာ ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကြောင့် မြေယာတွေ ဆုံးရှုံးရတဲ့အတွက် ကျွန်းပေါ်မှာ နေထိုင်တဲ့ ဒေသခံတွေဖက်က တည်ဆောက်မှုစီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေခဲ့ပါတယ်။

Radio Australia - Myanmar
ရေနံထုတ်လုပ်မှုတခုကို ရုပ်မြင်သံကြားကနေတွေ့ရစဉ် (Credit: ABC)

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...