အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

ရခိုင်ပြည်နယ်အတွင်း ယာယီစာသင်ကျောင်း ၃၃ ကျောင်း ဆောက်လုပ်လျက်ရှိ

စစ်တွေမြို့နယ် အတွင်းရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရခိုင်ပြည်နယ် အတွင်းရှိ ယာယီစာသင်ကျောင်း ၃၃ ကျောင်းကို ဆောက်လုပ်လျက်ရှိကြောင်းနှင့် ယင်းကျောင်းများတွင် ဘင်္ဂါလီ ကျောင်းသားများသာ ပညာသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းများအား ကယ်ဆယ်ရေး စခန်းများတွင် ဆောက်လျက်ရှိပြီး စစ်တွေမြို့နယ်တွင် ၁၅ ကျောင်း၊ ပေါက်တောမြို့နယ်တွင် ခုနစ်ကျောင်း၊ မင်းပြားမြို့နယ်တွင် လေးကျောင်း၊
ကျောက်တော်မြို့နယ်တွင် လေးကျောင်း၊ ကျောက်ဖြူမြို့နယ်တွင် နှစ်ကျောင်းနှင့် ရမ်းဗြဲမြို့နယ်တွင် တစ်ကျောင်းတို့ ဖြစ်ကြောင်းလည်း သိရသည်။
ထိုကျောင်းများအား ကျောင်းမဖွင့်မီ ကာလအတွင်း အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်းနှင့် ဒုက္ခသည် စခန်းများရှိ ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် အဓိက ဆောက်လုပ်ခြင်း ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် အစိုးရမှ သိရှိရသည်။
ယင်းကျောင်းများတွင် ပညာသင်ပြမည့် ကျောင်းဆရာ/မများမှာလည်း ဆွဲခန့်ဆရာများဖြစ်ပြီး ဘင်္ဂါလီ ကျောင်းဆရာများကိုသာ
ခန့်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ဦးဝင်းမြိုင်က "ကျွန်တော်တို့ ရခိုင်ကျောင်းသားတွေကို ပညာသင်ကြားပေးသလို ဘင်္ဂါလီ ကျောင်းသားတွေကိုလည်း ပညာသင်ကြားခွင့် ရအောင်လုပ်ပေးတာ ဖြစ်တယ်။ ရခိုင်ဒုက္ခသည် စခန်းတွေက ကျောင်းသားတွေကျတော့ နီးစပ်ရာကျောင်းမှာ တက်ခွင့်ရမှာ ဖြစ်တယ်။ အခုဖြစ်နေတာက ပြည်ပသတင်း မီဒီယာတွေဟာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုတဲ့ လူမျိုးတစ်ခုကို ထည့်ထည့်ပြောနေတော့ ပြဿနာက မအေးနိုင်ဘူး ဖြစ်နေတယ်။ ဒါကိုလည်း သတိထားဖို့ လိုတယ်" ဟု ပြောကြားသည်။    
Eleven Media Group. 

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...