အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

NLD မြို့နယ် ဥက္ကဌ တစ်ဦး နှုတ်ထွက်စာတင်

သန်လျင်မြို့နယ် NLD ပါတီဥက္ကဌမှ နှုတ်ထွက်စာတင်ခဲ့ကြောင်း သိရှိရပါသည်။ သံလျင်မြို့နယ် NLD ပါတီဥက္ကဌ ဦးစိုးဟန်သည် ပါတီ လုပ်ငန်းများအား ဆက်လက်လုပ်ကိုင်လိုစိတ် မရှိသဖြင့် ယခုကဲ့သို့
နှုတ်ထွက်စာတင်ခဲ့ကြောင်း ၄င်းနှင့် နီးစပ်သူ တစ်ဦးမှ ပြောကြားခဲ့ပါသည်။ယခုလ ၂၈ ရက်နေ့တွင် သံလျင်မြို့နယ် NLD ပါတီရုံးခန်းတွင် ပါတီဥက္ကဌ ဦးစိုးဟန် နှုတ်ထွက်မှုနှင့် ပတ်သက်ပြီး မြို့နယ်အလုပ်အမှုဆောင် အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။ ဦးစိုးဟန် အနေဖြင့် ၄င်းနှုတ်ထွက်စာ များအား အဖွဲ့ချုပ်ရုံး၊ တိုင်းရုံး၊ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများ သို့ ပေးပို့ ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။ ဦးစိုးဟန်အနေဖြင့်နောက်ပိုင်းမှ
NLD ပါတီသို့ ၀င်ရောက်လာသူများမှ ပါတီလုပ်ငန်း အတွေ့အကြုံနည်းပါးပြီး စီမံခန့်ခွဲမှုပိုင်းတွင် အားနည်းချက်များ ရှိနေခြင်း၊ နိုင်ငံရေး အတွေ့ အကြုံနည်းပါးပြီး လက်လွတ်စပယ် ခိုင်းစေပြောကြားခြင်း၊ လူငယ်ပါတီဝင်များ အနေဖြင့် နိုင်ငံရေး အတွေ့ အကြုံမရှိပဲ စိတ်ထင်ရာ လုပ်ဆောင်နေခြင်းစသော အချက်များကြောင့် NLD ပါတီအတွင်း မှ နှုတ်ထွက် ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ သံလျင်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် ဦးစိုးဟန် ၏ နှုတ်ထွက် စာတင်ပြခြင်း အပေါ် သဘောမတူကြောင်း သိရှိရပါသည်။

စိုးဝင်း(သံလျင်)

သံလွင်ဘလော့

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...