အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

ပုဂံညောင်ဦးလေဆိပ်အား အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီရန် ပြင်ဆင်မှုများ ပြုလုပ်

ပုဂံညောင်ဦး လေဆိပ်အတွင်း ပြုပြင်မှုများ ပြုလုပ်နေစဉ်(ဓာတ်ပုံ-ကိုနော်(ပုဂံ))
ကမ္ဘာလှည့်ခရီးသွားများ အဓိက အားထားအသုံးပြုရာ ပုဂံညောင်ဦး လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
ပြည်ပခရီးသွား နည်းပါးချိန် ပုဂံ-ညောင်ဦး လေဆိပ်တွင် လေယာဉ်ရပ်နားသည့် နေရာများ တိုးချဲ့ခြင်း၊ အဆောက်အအုံများ တိုးချဲ့ခြင်းများကို လာမည့်ခရီးသွားရာသီအမီ ဆောင်ရွက်လျက်ရှိသည့်အပြင်
အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် ICAO ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိစေရန်နှင့် စစ်ဆေးမှု ခံယူနိုင်ရန်အတွက် လေယာဉ်ကွင်း Air Field ၏အနီးတွင် မြင့်မားသော အဆောက်အအုံများ၊ Antennar, High Mass များ ဆောက်လုပ်မည် ဆိုပါကလည်း ဆောက်လုပ်မည့် အဆောက်အအုံ၏ တည်နေရာ WGS-84 DATUM, Foot Elevation နှင့် အမြင့်ပေများကို လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ တွက်ချက်ပေးပို့ကြိုတင် ညှိနှိုင်းမှုများပြုလုပ်ရန် သက်ဆိုင်သည့် ဌာနများသို့ အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။ ကိုနော်(ပုဂံ)
 Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...