မြန်မာနိုင်ငံကြက်ခြေနီအသင်းကဗုဒ္ဓဟူးနေ့မှာ အလှူငွေ ဒေါ်လာ ၁၄၅,
၆၄၂ (ကျပ်သိန်းပေါင်း ၁,၃၇၃) ရရှိခဲ့ပါတယ်။ထိုင်းနိုင်ငံ မိဖုရားကြီး သီရိခေတ်ရဲ့ အသက် ၈ဝ ပြည့်မွေးနေ့ အထိမ်းအမှတ် လှူဒါန်းတာပါတဲ့။အလှူရဲ့ ရည်ရွယ်ချက် တွေထဲမှာ ထိုင်းမြန်မာ
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု ၆၅ နှစ် ပြည့်သွားခြင်းဆိုတဲ့ အချက်လည်း ပါပါ တယ်။ ကြက်ခြေနီ အသင်းရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ ကူညီမှုလုပ်ငန်း တွေကို ထပ်မံတိုးချဲ့သွားနိုင်တော့
မှာပါ။
“ ဒီငွေတွေကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ
မြင့်တင်ဖို့၊ ကာကွယ်ပေးနိုင်ဖို့ နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ
သုံးသွားမှာပါ။ဒေသ သတ်မှတ်ချက်တော့ မရှိပါဘူး” လို့ ကြက်ခြေနီ
အသင်း ဥက္ကဌ ဒေါက်တာ သာလှရွှေ က ပြောပါတယ်။
ဒီအတောအတွင်း အခမ်းအနား ၃ ခုကို ထိုင်းနဲ့ မြန်မာပူးပေါင်းလုပ်ဆောင်
ခဲ့ကြပါတယ်။
ပထမဆုံးအနေနဲ့ မတ်လ ၉ ရက်နေ့မှာ ထိုင်းမြန်မာ ရိုးရာအထည်ယက်
လုပ်ခြင်းလုပ်ငန်းများ(သို့ ) ဖုံးကွယ်နေသော ရတနာများ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ ဂျန်းရှင်းစကွဲစင်တာမှာ ဆွေးနွေးပွဲကြီးတခု ပြုလုပ်ခဲ့တယ်။
ဒီပွဲမှာ ထိုင်းမိဖုရားကြီးရဲ့ အထည်အလိပ် ယက်လုပ်ခြင်းဆိုင်ရာ ပြတိုက်
ရဲ့ပြတိုက်မှူး မစ္စတာဆုတီရတ်ကယ်ဝါပွန်၊ မြန်မာဘက်က သမိုင်းပညာရှင် နဲ့ အထည်အလိပ်ယက်လုပ်ခြင်းဆိုင် ရာ ကျွမ်းကျင်သူ ဦးတင်ဝင်းတို့က အဓိကဆွေးနွေးခဲ့ကြတာပါ။
နောက် ၉၊ ၁၀ ရက်နေ့မှာပဲ ထိုင်းက နာမည်ကြီး ဒီဇိုင်နာ အာဂျန်ပေါင်
ထောင်၊ မြန်မာက မိုးကုတ်ပေါက်ပေါက်၊ ဒေါ်ဂရေ့ ဆွေဇင်ထိုက်တို့ ပါဝင်တဲ့ ရှေးခေတ်သုံး အထည်အလိပ် ပြသပွဲ အစီအစဉ်ကိုလည်း တွေ့ခဲ့
ရပါတယ်။ယဉ်ကျေးမှုဝန်ကြီး ဌာနက ပြည်ထောင်စု ဒုဝန်ကြီး ဒေါ်စန္ဒာခင်
ကလည်း နှစ်နိုင်ငံပိုးထည်ရက်လုပ်တဲ့ လုပ်ငန်းတွေကို ဆွေးနွေးခဲ့တယ်။
နောက်ဆုံးပွဲကတော့ ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ရိုးရာအ၀တ်
အထည်၊ ခေတ်ပြိုင် ပိုးထည် ပြသပွဲပါပဲ။နာမည်ကြီး ထိုင်းမော်ဒယ်ပန်ကိတ်နဲ့
ဗွီးထရီယို အနုပညာရှင်အဖွဲ့က လာရောက်ဖျော်ဖြေပေးခဲ့ကြတယ် ။
ဧရာဝတီ
၆၄၂ (ကျပ်သိန်းပေါင်း ၁,၃၇၃) ရရှိခဲ့ပါတယ်။ထိုင်းနိုင်ငံ မိဖုရားကြီး သီရိခေတ်ရဲ့ အသက် ၈ဝ ပြည့်မွေးနေ့ အထိမ်းအမှတ် လှူဒါန်းတာပါတဲ့။အလှူရဲ့ ရည်ရွယ်ချက် တွေထဲမှာ ထိုင်းမြန်မာ
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု ၆၅ နှစ် ပြည့်သွားခြင်းဆိုတဲ့ အချက်လည်း ပါပါ တယ်။ ကြက်ခြေနီ အသင်းရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ ကူညီမှုလုပ်ငန်း တွေကို ထပ်မံတိုးချဲ့သွားနိုင်တော့
မှာပါ။
“ ဒီငွေတွေကို ကျန်းမာရေးစောင့်ရှောက်မှုလ
အသင်း ဥက္ကဌ ဒေါက်တာ သာလှရွှေ က ပြောပါတယ်။
ဒီအတောအတွင်း အခမ်းအနား ၃ ခုကို ထိုင်းနဲ့ မြန်မာပူးပေါင်းလုပ်ဆောင်
ခဲ့ကြပါတယ်။
ပထမဆုံးအနေနဲ့ မတ်လ ၉ ရက်နေ့မှာ ထိုင်းမြန်မာ ရိုးရာအထည်ယက်
လုပ်ခြင်းလုပ်ငန်းများ(သို့
ဒီပွဲမှာ ထိုင်းမိဖုရားကြီးရဲ့ အထည်အလိပ် ယက်လုပ်ခြင်းဆိုင်ရာ ပြတိုက်
ရဲ့ပြတိုက်မှူး မစ္စတာဆုတီရတ်ကယ်ဝါပွန်၊ မြန်မာဘက်က သမိုင်းပညာရှင် နဲ့ အထည်အလိပ်ယက်လုပ်ခြင်းဆိုင်
နောက် ၉၊ ၁၀ ရက်နေ့မှာပဲ ထိုင်းက နာမည်ကြီး ဒီဇိုင်နာ အာဂျန်ပေါင်
ထောင်၊ မြန်မာက မိုးကုတ်ပေါက်ပေါက်၊ ဒေါ်ဂရေ့ ဆွေဇင်ထိုက်တို့ ပါဝင်တဲ့ ရှေးခေတ်သုံး အထည်အလိပ် ပြသပွဲ အစီအစဉ်ကိုလည်း တွေ့ခဲ့
ရပါတယ်။ယဉ်ကျေးမှုဝန်ကြီး ဌာနက ပြည်ထောင်စု ဒုဝန်ကြီး ဒေါ်စန္ဒာခင်
ကလည်း နှစ်နိုင်ငံပိုးထည်ရက်လုပ်တ
နောက်ဆုံးပွဲကတော့ ချက်ထရီယမ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ရိုးရာအ၀တ်
အထည်၊ ခေတ်ပြိုင် ပိုးထည် ပြသပွဲပါပဲ။နာမည်ကြီး ထိုင်းမော်ဒယ်ပန်ကိတ်နဲ့
ဗွီးထရီယို အနုပညာရှင်အဖွဲ့က လာရောက်ဖျော်ဖြေပေးခဲ့ကြတယ်
ဧရာဝတီ