အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

လားရှိုး မန်ဆူရှမ်းဘုန်းကြီးကျောင်းတွင် ဒုက္ခသည် ၁၀၀၀ ခန့် ခိုလှုံ

ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဧပြီ ၂၈ နဲ့ ၂၉ ရက် အြကမ်းဖက်မီးရှို့မှုတွေကြာင့် နေအိမ်တွေ မီးလောင် ပျက်စီးသွားတဲ့အတွက် နေစရာမရှိတဲ့ ဒုက္ခသည် ၁၀၀၀ လောက် လားရှိုးမြို့ပေါ်က မန်ဆူရှမ်းဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနြေကတယ်လို့ ကျောင်းထိုင်ဆရာတော် ဦးပုညက မိန့်ပါတယ်။“အစ္စလာမ်ဘာသာဝင်တွေရာ၊ တြခားဘာသာဝင်တွေရာ ၁၀၀၀ လောက်ရှိမယ်၊ ရောက်လာကြပါတယ်။ နေထိုင်စရာတွေ အားလုံး အခက်အခဲတွေဖြစ်နေတာ့ တဆင့် တဆင့် အကူအညီတောင်းတော့ ဟိုမှာလည်းနေစရာမရှိ၊ ဒီမှာလည်း မရှိဆိုတော့ ဘုန်းဘုန်းတို့ လူသားချင်းစာနာတဲ့အေနနဲ့ ဘယ်လိုပဲဖြစ်ဖြစ်လေ ခဏြဖစ်ဖြစ် အြေခအေနေအးချမ်းသွားတော့မှ ကိုယ့်အိမ်ကိုယ်ပြန်နြေက၊ အခုတော့ ဘုန်းဘုန်းတို့ဆီ ၂-၃ ရက်လောက် နြေကလို့ မိန့်ထားတယ်။ အခုက တည်ငြိမ်အေးချမ်းအောင် လိုက်လုပ်နေတဲ့ ကာလကိုး။”

ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေသူတွေဟာ လားရှိုးမြို့ပေါ် ၇ ၊ ၉ နဲ့ ၁၀ ရပ်ကွက်တွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး အစ္စလာမ်ဘာသာဝင် အများစုဖြစ်တယ်လို့ မိန့်ပါတယ်။

မေ ၂၉ ရက်နေ့ ညကတည်းက ဘုန်းကြီးကျောင်းကို လာရောက်ခိုလှုံနြေကတာဖြစ်ပြီး သူတို့တွေ စားသောက်ရေးအတွက် ရပ်မိရပ်ဖ၊ စေတနာရှင်အလှူရှင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ ကုလသမဂ္ဂ ကေလးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) တို့က ၀ိုင်းဝန်း ထောက်ပံ့ထားကြတယ်လို့လည်း ဆိုပါတယ်။

မေ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့များမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအြကမ်းဖက်တိုက်ခိုက်မှုများကြောင့် လူနေအိမ် ၅ လုံး၊ ဘာသာရေးအေဆာက်အအုံ ၃ လုံး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဂိုဒေါင် ၄ လုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ ကား ၂ စီးနဲ့ ဆိုင်ကယ် ၁၁ စီး ပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရက တရားဝင်သတင်း ထုတ်ပြန်ထားပါတယ်။

DVB News

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...