အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

ပြင်ဦးလွင် အိမ်ခြံမြေ ဈေးကွက်တွင် မြို့သစ်ရပ်ကွက်များ၌ အရောင်းအ၀ယ်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များတွင် အငှားဈေးကွက် တွင်ကျယ်

အိမ်အငှားဈေးကွက် တွင်ကျယ်နေသည့်  ပြင်ဦးလွင်မြို့တွင်း တစ်နေရာ
ပြင်ဦးလွင် အိမ်၊ ခြံ၊ မြေဈေးကွက်တွင် မြို့သစ်ရပ်ကွက်များ၌ အရောင်းအ၀ယ်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များတွင် အငှားဈေးကွက် တွင်ကျယ်လာကြောင်း သိရသည်။
"မြေဈေးကောင်းပြီး အရောင်းအ၀ယ် အဖြစ်ဆုံး အချိန်က ၂၀၁၁ ခုနှစ်ပဲ။ အဲဒီတုန်းက ရောင်းသူကြိုက်ဈေးကို ၀ယ်သူတွေ ပေးဝယ်ရတယ်။ ဒီနှစ်မှာ အရောင်းအ၀ယ် ပြန်ဖြစ်လာပေမယ့် ၂၀၁၁ တုန်းက ပေါက်ဈေးတော့ မမီဘူး။ ရောင်းသူဝယ်သူ ဈေးညှိပြီး အရောင်းအ၀ယ်ဖြစ်တယ်" ဟု ရွှေဝတီ အိမ်၊
ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဦးအဒိုင်းက ပြောကြားသည်။
ပြင်ဦးလွင် အရှေ့ခြမ်းရှိ ပဒေသာမြို့သစ်၌ အရောင်းအ၀ယ် ပိုဖြစ်ပြီး မြို့အနောက်ခြမ်းရှိ နန္ဒ၀န်မြို့သစ်၌ အရောင်းအ၀ယ် အနည်းငယ်သာဖြစ်ကြောင်း သိရသည်။
မြို့ပေါ်ရပ်ကွက်များတွင် ယခုနှစ်၌ ဟိုတယ်လုပ်ငန်း လုပ်ကိုင်လိုသူများမှ ၀ယ်ယူရန် ကမ်းလှမ်းမှုများရှိပြီး လက်ရှိတွင် အငှားဈေးကွက် တွင်ကျယ်လျက်ရှိကာ ယခင်အိမ်ငှားဈေးနှုန်းများထက် မြင့်တက်လျက်ရှိကြောင်း သိရသည်။
ပဒေသာရပ်ကွက်အတွင်း မြေဈေးနှုန်းများမှာ ပေ ၃၀ _ ပေ ၄၀ တစ်ကွက်လျှင် အနည်းဆုံး ကျပ်သိန်း ၁၀၀ ကျော်ရှိပြီး တည်နေရာနှင့် အကျယ်အ၀န်းပေါ် မူတည်၍ ကျပ်သိန်းထောင်ကျော်ထိ ရှိကြောင်း၊ ဈေးလေးအနီးဝန်းကျင် မြေဈေးနှုန်းများမှာ ကျပ်သိန်းထောင်ဂဏန်း ၀န်းကျင်မှ ကျပ်သိန်းသောင်းဂဏန်း ၀န်းကျင်ထိ ဈေးရှိကြောင်း သိရသည်။ မြို့ပေါ်ဧရိယာတွင် အိမ်ငှားခ ဈေးနှုန်းများမှာ အနည်းဆုံးကျပ် ၅၀၀၀၀ မှ ကျပ်ငါးသိန်းကျော်ထိ ရှိကြောင်းသိရသည်။ 
 Eleven Media Group.

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...