ကင်းချောင်းကျေးရွာတွင် နေအိမ်များ ဆောက်လုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်(မောင်တော))
ဒုက္ခသည်များအတွက် အမိုးအကာအောက် ရောက်ရှိစေရေး ပြည်နယ်အစိုးရ အဖွဲ့မှ
ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ကာလအတွင်း အပြီးသတ် ဆောင်ရွက်မှု မရှိသည့်
ဆောက်လုပ်ရေး ကုမ္ပဏီများအား အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
"ဇွန်လ မကုန်မီမှာ တာဝန်ယူထားတဲ့ တည်ဆောက်ရေး ကုမ္ပဏီတွေ အနေနဲ့
သတ်မှတ်ထားတဲ့ ကာလအတွင်း မပြီးရင် ထိထိရောက်ရောက် အရေးယူ
ဆောင်ရွက်သွားမှာပါ" ဟု ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့်
မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။
အိုးအိမ်မီးရှို့ ဖျက်ဆီးခံခဲ့ရသည့် ဒေသခံများမှာ တစ်နှစ်တာ ကာလသို့
ရောက်ရှိလာသော်လည်း
နေအိမ်အဆောက်အအုံများ မရရှိသေးဘဲ
ယာယီရွက်ဖျင်တဲများတွင် နေထိုင်နေရဆဲ ဖြစ်နေကြောင်းနှင့် အင်န်ဂျီအို
အဖွဲ့အစည်းများ၏ နေအိမ်တည်ဆောက်မှုမှာ နှောင့်နှေးနေခြင်း ဖြစ်ကြောင်းလည်း
သိရသည်။ဒုက္ခသည်များအတွက် နေအိမ်တန်းလျား တည်ဆောက်မှုအား မိုးမကျမီ အပြီးသတ်ဆောက်ရန် တာဝန်ယူထားသည့် အဖွဲ့အစည်း၊ ဆောက်လုပ်ရေး ကုမ္ပဏီများအား ညွှန်ကြားထားပြီး ဖြစ်သော်လည်း အချို့လုပ်ငန်းများ နှောင့်နှေးနေခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group.