အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

ဆေးဖက်ဝင် ချင်းစိမ်းအကြောင်း

အိမ်ရှင်မများ မီးဖိုချောင်တွင် မရှိမဖြစ် ဟင်းခတ် အမွှေးအကြိုင် ပစ္စည်း တစ်မျိုးဖြစ်၏။ အညှီနံ့များ ပျောက်ကင်း စေရန် အထူးအသုံးပြု ကြသည်။ ဆေးဖက်ဝင်အဖြစ် အသုံးပြုပါက လွန်စွာ အသုံးဝင်ပေသည်။ အော့အန်ခြင်း၊ ကြို့ထိုးခြင်းများဖြစ် ပါက ချင်းစိမ်း သတ္တုရည် ၁၂ ပဲသားခန့်ကို ကြက် သွန်နီဥ သတ္တု ရည်နှင့်ရော၍ သောက်သုံးပါက လျင်မြန်စွာ ပျောက်ကင်းစေ နိုင်ပါသည်။
နှာစေး၊ ချောင်းဆိုး၊ ပန်းနာ ရောဂါများကို ချင်းစိမ်း သတ္တုရည်နှင့် ပျားရည် အနည်းငယ် ရောစပ်၍ မကြာမကြာ လျက်ပေးခဲ့ပါက သက်သာ ပျောက်ကင်း စေပါသည်။ နားကိုက်ရောဂါ ခံစားနေရလျှင် ချင်းစိမ်း သတ္တုရည်ကို မီးနှင့် အနည်းငယ် အပူပေး၍ နားကို ကျပ်ပေးပါက နားကိုက်ခြင်းကို သက်သာ ပျောက်ကင်း စေပါသည်။
သွားကိုက်ပါက ချင်းစိမ်း အနည်းငယ်ကို ကိုက်ဝါး၍ သွားကိုက် သော နေရာတွင် ငုံထားပါက မကြာခင် သက်သာ ပျောက်ကင်း လာပါ လိမ့်မည်။ မီးယပ်သွေးနှင့် ပတ်သက်၍ ထိမ်ခြင်း၊ ကျန်ခြင်းများဖြစ်ပါက ချင်းစိမ်း အနည်းငယ်နှင့် ထန်းလျက်ကို သုံးခွက်တစ်ခွက် တင်ပြုတ်၍ သောက်ပါက သွေးသားမှန်ကန် လာပါလိမ့်မည်။ မှန်ကန်တိကျ အသုံးချက ရောဂါပျောက်ကင်း သက်သာစေသော စိတ်ချမ်း သာစရာ တိုင်းရင်း ဆေးပညာ ဖြစ်ပါသည်။

ဆေးပညာဆိုင်ရာဆောင်းပါးများ
Original up-loader

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...