အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

World Statesman Award ဆုအား အင်ဒိုနီးရှား သမ္မတ လက်ခံရယူမည်

အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို၏ အမေရိ ကန်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်တွင် အမေရိကန် အခြေစိုက် ACF အဖွဲ့က ချီးမြှင့်သည် World Statesman Award ဆုအား လက်ခံရယူ
သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆုသည် ၎င်း၏ ပွင့်လင်း မြင်သာစွာ ဒီမိုကရေ စီဖွံ့ဖြိုး တိုးတက် အောင်ဆောင်ရွက်မှု၊ ကမ္ဘာ့ ငြိမ်းချမ်းရေး လမ်းစဉ်အတ...ိုင်း ပုံဖော် ဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ များအပေါ် အားပေးမှု တို့ကြောင့် ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆုအား သမ္မတ ယူဒိုယိုနို၏ မေ ၂၇ ရက်က စတင် ထွက်ခွာသည့် ဆွီဒင်နိုင်ငံ ခရီးစဉ်အပြီးတွင် အမေရိကန် နိုင်ငံခရီးစဉ်၌ အခမ်းအနားနှင့် တကွ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ ၎င်းသည် နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ၏ ၂ဝ၁၅ ခုနှစ် နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အတွက် ထင်ပေါ် ကျော်ကြားသည့် အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံပွဲသို့ တက်ရောက်ရန် မေ ၂၉ ရက် နှင့် ၃ဝ ရက် တွင် အမေရိကန်သို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...