အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

30 May, 2013

ရော်နယ်လ်ဒိုကို ကမ္ဘာ့လုပ်ခ အမြင့်ဆုံး ကစားသမားသစ် အဖြစ် စာချုပ်သစ် ကမ်းလှမ်းလိုကြောင်း ရီးယဲလ် ဥက္ကဋ္ဌဆို

ရီးယဲလ်မက်ဒရစ် အသင်း အနေဖြင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်း၌ ဆက်ကစားရေး အလွန် ကောင်းမွန်သည့် စာချုပ်သစ် တစ်ရပ် ကမ်းလှမ်းသွား ရန် အသင့် ရှိနေကြောင်း သိရှိရသည်။
ဘာစီလိုနာ အသင်းက နေမာကို ဈေးကွက် မဖွင့်မီ ကတည်းက ခေါ်ယူရန် သဘော တူညီမှု ရရှိ ထားခြင်းသည် ရီးယဲလ် အတွက် တပ်လှန့်မှု ဖြစ်လာပြီး လူးဝစ်ဆွာရက်ဇ်နှင့် ဂါရတ်သ်ဘေးလ်ကဲ့သို့ ကစားသမားကောင်းများကို ဝယ်ယူနိုင်ရန် အင်နှင့်အားနှင့် ကြိုးစားလာခဲ့သည်။ တစ်ဖက်တွင်လည်း အသင်းမှ ကြယ်ပွင့် ကစားသမားဖြစ်သည့် ပေါ်တူဂီ လက်ရွေးစင် တိုက် စစ်မှူး ရော်နယ်လ်ဒိုကို စာချုပ်သက်တမ်းတိုးရေး ကြိုးပမ်းလာခြင်း ဖြစ်သည်။ ရော်နယ်လ်ဒိုအား အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် စိတ်ဝင်စားမှု ပြသနေသည့်တိုင် ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ကမူ ၎င်းကို ဘာနေ ဗျူးတွင် ဆက်ထိန်း ထားရန်သာ ဆန္ဒ ရှိနေသည်။ပီရက်ဇ်သည် အသက်(၂၈)နှစ်ရှိ ကစားသမားကို ကမ္ဘာပေါ်တွင် လုပ်ခလစာ အများဆုံး အဖြစ် စံချိန်တင် စာချုပ်သစ်မျိုးဖြင့် ဆက်ထိန်းရန် မျှော်လင့်နေ သည်။ လတ်တလောတွင် ရော်နယ်လ်ဒိုကို ချယ်လ်ဆီး အသင်းကလည်း စိတ်ဝင်စားလျှက် ရှိနေကြောင်း သိရသည်။ ပီရက်ဇ်ကမူ "ရော်နယ်လ်ဒိုဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား တစ်ယောက်ပါ။ ဒီလို ကစားသမား မျိုးကို ကမ္ဘာ့လုပ်ခလစာ အမြင့်ဆုံး ခံစားခွင့်မျိုး ကျွန်တော် ပေးလိုက်ချင် တယ်။ ပြီးတော့ သူ့ကို ဝန်းရံပြီး အသင်းကို တည်ဆောက်သွားချင်ပါတယ်" ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

ရော်နယ်လ်ဒိုသည် ရီးယဲလ်သို့ (၂၀၀၉)ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် ရောက်ရှိလာပြီးနောက် (၂၀၁)ပွဲတွင် (၁၉၉)ဂိုး သွင်းယူပေးထားနိုင်ခဲ့သည်။

Goal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...