ယနေ့ နံနက် ၉နာရီခွဲ အချိန်က မြောက်ဥက္ကလာပ မြို့နယ်နှင့် မြောက်
ဒဂုံမြို့နယ် တို့အား ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်းဖြတ် လူကူးကြိုးတံတား
အား ချောင်းအတွင်းသွား သဲစုပ် စက်လှေ တစ်စီးက ၀င်ရောက်တိုက်မိမှုကြောင့်
ကြိုးတံတား ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မြောက်ဥက္ကလာပ မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
" ကြိုးတံတား ပျက်ကျမှုကြောင့် ထိခိုက်သေဆုံးတာတော့ မရှိပါဘူး တံတားက စက်လှေနဲ့ ၀င်တိုက်ခံရတဲ့အတွက် ဆိုင်းကြိုး ၁၃ ကြိုး ပျက်သွားပြီး တစ်ဖက်စောင်း ပျက်သွားတဲ့အတွက် ဒီတံတားကို
အသုံးပြုနေသူတွေ
အန္တရာယ်ရှိမှာစိုးလို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ နဲ့ စည်ပင်
ညှိနှိုင်းတိုင်ပင်ပြီး လောလောဆယ် တံတားကို ယာယီပိတ်ထားလိုက်တယ် " ဟု
၎င်းကပြောသည်။" ကြိုးတံတား ပျက်ကျမှုကြောင့် ထိခိုက်သေဆုံးတာတော့ မရှိပါဘူး တံတားက စက်လှေနဲ့ ၀င်တိုက်ခံရတဲ့အတွက် ဆိုင်းကြိုး ၁၃ ကြိုး ပျက်သွားပြီး တစ်ဖက်စောင်း ပျက်သွားတဲ့အတွက် ဒီတံတားကို
Popular Myanmar News Journal