အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နယ်သာလန်နိုင်ငံ၊ အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး H.E.Ms. M.H. Schultz van Haegen-Maas Geesteranusဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် နယ်သာလန်နိုင်ငံ၊ အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး H.E.Ms. M.H. Schultz van Haegen-Maas Geesteranus ဦးဆောင်သော ကိုယ်စားလှယ်ဖွဲ့အား ယနေ့ မွန်းလွဲ (၁၅၀၀) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ လယ်ယာစိုက်ပျိုးရေး နှင့် ဆယ်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းသို့တွေ့ဆုံရာ၌ ရေအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍများတွင် ရေသယံဇာတ စီမံခန့်ခွဲရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေး၊ အစားအစာ ဘေးကင်းလုံခြုံရေး၊ ရေကြီးမှုလျော့ချရေး၊ သောက်သုံးရေဖူလုံရေး၊ ကျေးလက်၊ မြို့ပြနှင့် စက်မှု လုပ်ငန်းများတွင် ရေသယံဇာတဖူလုံစွာရရှိရေး၊ နည်းပညာပိုင်းဆိုင်ရာ သင်တန်းများနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု အကူအညီပေးရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...