အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

တရုတ်နှင့် စစ်ရေးဆက်ဆံမှု တိုးချဲ့မည်ဟု အိမ်ဖြူတော် လုံခြုံရေး အကြံပေး ပြောကြား

အမေရိကန်နိုင်ငံက လုံခြုံရေးကိစ္စများစွာတို့တွင် နှစ်နိုင်ငံတင်းမာမှုများ တိုးလာနေသော်လည်း တရုတ်နိုင်ငံနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရေး၊ ဓားပြများကို တန်ပြန်တိုက်ခိုက်ခြင်းနှင့် သဘာဝဘေးအတွက် ကူညီမည့် နယ်ပယ်များတွင် လက်တွဲလုပ်ကိုင်ခြင်းအပါအဝင် စစ်ရေးဆက်ဆံမှု ကိုလည်း တိုးချဲ့မည်ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားသည်။အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး တွန်ဒိုနီလန်က အမေရိကန်သမ္မတနှင့်တရုတ်သမ္မတတို့ တွေ့ဆုံပွဲမတိုင်မီနှစ်ပတ်လိုသေးသော အချိန်တွင် တရုတ်ထိပ်ပိုင်းစစ်တပ်ခေါင်းဆောင် ဖန်ချန်လုံနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။
“ကျွန်တော်တို့အင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံရေးအတွက် ပုံစံသစ်ဖော်ဆောင်ရေးမှာ အရေးကြီးတဲ့အပိုင်းကတော့ နှစ်နိုင်ငံစစ်တပ်ကြား ပုံမှန်ဖြစ်တဲ့ တည်ငြိမ်တဲ့ ယုံကြည်ရတဲ့ဆက်ဆံရေးကို သေချာလုပ်ဆောင်ရေးဖြစ်ပါတယ်” ဟု မစ္စတာဒိုနီလန်က တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနတွင် သတင်းထောက်များအားပြောကြားသည်။

ဆက်လက်၍ နှစ်နိုင်ငံသည် ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ သဘာဝဘေးအတွက်ကူညီမှုနှင့် ဓားပြမှုများအားတန်ပြန်တိုက်ခိုက်ရာတွင်လည်း ပုံမှန်မဟုတ်သည့် လုံခြုံရေးစိန်ခေါ်မှုများရင်ဆိုင်ရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ၏ အင်အားကြီးဗဟိုစစ်တပ်ကော်မရှင်မှ ဒု ဥက္ကဌက အဓိကအင်အားကြီးနိုင်ငံချင်း ဆက်ဆံရေးပုံစံသစ်တစ်ခုကို ပြောကြားသည်။

မစ္စတာဒိုနီလန်နှင့် မစ္စတာဖန်နှစ်ဦးလုံးက ဇွန်လအတွင်း သမ္မတနှစ်ဦးတွေ့ဆုံပွဲတွင် ဆွေးနွေးမည်ဟု ထင်ရသည့် များပြားလှသည့် အထိမခံ သော ကိစ္စများကို မဖော်ပြခဲ့ပေ။ ၎င်းအထိမခံသော ကိစ္စများတွင် ကိုးရီးယားကျွန်းဆွယ်တွင်း တင်းမာမှုများ နှင့် တရုတ်နှင့်ဆက်နွယ်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများစွာ တို့အပေါ် တင်းမာမှုများ ပါဝင်သည်။

မစ္စတာဒိုနီလန်သည် တနင်္လာနေ့က တရုတ်သမ္မတနှင့်တွေ့ဆုံပြီး တရုတ်သမ္မတက တရုတ်-အမေရိကန်ဆက်ဆံရေးသည် အတိတ်နှင့် အနာ ဂါတ်ကို ချိတ်ဆက်သော အရေးကြီးသည့်အဆင့်တွင် ရှိနေကြောင်း ပြောကြားသည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းတွင် ပါရှိသည်။

လာမည့် ဇွန် ၇-၈ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်နီလန်းတွင်ကျင်းပမည့် အမေရိကန်-တရုတ်သမ္မတ တွေ့ဆုံပွဲကို မည်သည့်ဘက် ကမှ အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအချင်းချင်း နွေးထွေးမှုများ အသင့်အတင့်ရှိလာသော်လည်း မြောက်ကိုးရီးယား နျူကလီး ယားစွန့်လွှတ်ရေးတိုက်တွန်းရာတွင် တရုတ်၏ အခန်းကဏ္ဍကြောင့် သံသယများနှင့် ထိခိုက်နိုင်သည့် အပိုင်းများကျန်နေဆဲ ဖြစ်သည်။

မစ္စတာဖန်နှင့် တရုတ်သမ္မတတို့သည် မြောက်ကိုးရီးယားအထူးသံတမန်နှင့် ယခုလအစောပိုင်းတွင်တွေ့ဆုံခဲ့သည်။

အမေရိကန်သည် မြောက်ကိုးရီးယားအပေါ်နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကို သက်ရောက်စေရန် တရုတ်အား ဆက်လက်ဖိအားပေးဖွယ် ရှိသည်။

မြန်မာ့ခေတ်

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...