အမေရိကန်နိုင်ငံ မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ပေးအပ်ခဲ့သော စစ်ရေယာဉ် BNS Somudro Joy ၏နောက်ကွယ်သို့မျှော်ကြည့်မိခြင်း

ဘင်္ဂလားဒေ့ရှ်ရေတပ်သည်
အမေရိကန်ရေတပ်မှ မေလ (၂၃)ရက်နေ့က ပူပူနွေးနွေး လက်ဆောင်အဖြစ် ရရှိထားသော
USCGC Jarvis (WHEC-725) စစ်ရေယာဉ်အား ယခုနှစ်ကုန်ပိုင်းခန့်တွင် BNS
Somudro Joy အမည်ဖြင့် တပ်ဝင်အင်အားစာရင်း သွင်းတော့မည် ဖြစ်သည်။
စစ်ရေယာဉ်၏ သက်တမ်းမှာ နှစ်ပေါင်း(၄၀) ကျော်ခန့်
ရှိပြီဖြစ်သော်လည်း နှစ်ပေါင်း(၂၀)ခန့်အကြာ ၁၉၉၀/၉၂ ခုနှစ်တွင် Fleet
Rehabilitation and Modernization Program (FRAM) အရ ဒေါ်လာ (၅၅)သန်း
အကုန်ကျခံကာ အကြီးစားမွမ်းမံပြင်ဆင်၍ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလတွင်
Recommissioned ပြုလုပ်ထားသော စစ်ရေယာဉ်ဖြစ်သည်။ထို့ပြင် အမေရိကန်တို့၏ နေ့စဉ်၊အပါတ်စဉ်၊လစဉ်၊နှစ်စဉ်
စနစ်တကျ ဆောင်ရွက်နိုင်သော Maintenance and Repair System နှင့် 3M (
Maintenance and Material Management System) တို့၏ အခြေအနေကြောင့်
စစ်ရေယာဉ်၏ အနေအထားကို စဉ်းစားကြည့်နိုင်သည်။ Decommission ပြုလုပ်ခဲ့သည့်
၂၀၁၂ ခုနှစ် အောက်တိုဘာလ မတိုင်ခင် စက်တင်ဘာလတွင် ၎င်း၏နောက်ဆုံးခရီးစဉ်ကို
အောင်မြင်စွာ ချောချောမောမော ထမ်းဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်
နိုင်ငံတကာစံနူန်းများအနေဖြင့်
မေးခွန်းထုတ်စရာများ ရှိသော်လည်း ဒေသတွင်း အခြေအနေများအရ တပ်ဆင်ထားသော
လက်နက်များမှလွဲ၍ သင့်တင့်မျှတသော Platform တစ်ခုဟု ဆိုနိုင်ပါသည်။
ထို့ပြင် အမေရိကန်-ဘင်္ဂလားဒေ့ရှ် ရေတပ်များ၏ ဆက်ဆံဆောင်ရွက်မှုကိုလည်း
အကဲခတ်နိုင်ပါသည်။
BNS Somudro Joy သည် ရေယာဉ်အလျားရှည်ပြီး Heli-deck ပါရှိခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်ရေတပ်သည် အီတလီမှဝယ်ယူပိုင်ဆိုင်ထားသော Multirole Light Helicopter Agusta Westland AW-109(ASW/SAR)
အား တပ်ဆင်အသုံးပြုနိုင်ပြီး Missile နှင့် အခြားလက်နက်စနစ်များကိုလည်း
ထပ်မံတိုးချဲ့ တပ်ဆင်နိုင်ဖွယ် ရှိသည်။ တပ်တော်ဝင်ပြီးပါက C-802A SSM
Missile ၊ 1x8 FM-90N SAM Launcher ၊ 76mm Oto Melera Gun System (သို့)
AK- 176M Main Gun ၊ 2x Type 730B CIWS ၊ 2x3 Torpedo Launcher ၊ 2x6 ASW
Anti-Submarine Rocket ၊ AW-109 Maritime Helicopter ၊ Fire Control System
၊ Datalink နှင့် အခြားလိုအပ်သည့် အဆင့်မြှင့်တင်မှုများအား
ဘင်္ဂလားဒေ့ရှ်အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဟုလည်း အမျိုးမျိုးသော
သတင်းအရင်းအမြစ်များမှ ကြားသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရေယာဉ်တည်ဆောက်နိုင်မှုအပိုင်းတွင်
နိုင်ငံပိုင် Khulna သင်္ဘောကျင်းမှ ယခုအချိန်ထိ မီတာ(၅၀)ကျော်ခန့်ရှိသော
Patrol Craft (Gun) ရေယာဉ်နှစ်စီးသာ ရေတပ်အတွက် တည်ဆောက်ပေးနိုင်သေးသဖြင့်
အချိန်တစ်ခုယူ၍ ကြိုးစား ဖြတ်ကျော်ရအုံးမည် ဖြစ်သည်။သို့သော်
တစ်ဖက်ကကြည့်လျင်လည်း ၎င်းတို့ရေတပ်အနေဖြင့် ရေယာဉ်တည်ဆောက်မှု အခန်းကဏ္ဍတွင်
နစ်မျောရုန်းကန်မနေရပဲ ဘေးတိုက်ကူညီမှုသာ ဆောင်ရွက်၍ ရေတပ်တစ်ခု၏
အဓိလုပ်ငန်းတာဝန်များကို အာရုံစိုက်ဆောင်ရွက်နိုင်ကြောင်း
တွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်ရေတပ်သည် အင်အားကြီးရေတပ်များမှ
စစ်ရေယာဉ်ဟောင်းများ ဈေးသက်သာစွာ ဝယ်ယူပြင်ဆင်၍ အသုံးပြု ဆောင်ရွက်သော
အတွေ့အကြုံများစွာရှိသည်။ ထို့အတွက် သက်တမ်း (၅၅)နှစ် ဝန်းကျင်ရှိ Frigate
စစ်ရေယာဉ်များဖြစ်သည့် BNS Abu Bakar နှင့် BNS Umar Farooq တို့သည်
သက်သေဖြစ်သည်။
ထိုကဲ့သို့ အလားတူ သက်တမ်းရင့်
စစ်ရေယာဉ်များအား ပိုင်နက်ရေပြင် ကာကွယ်ရေးအတွက် Potential Enemy
သတ်မှတ်ထားသော နိုင်ငံအခြေအနေနှင့် အခြား Maritime Threat များကို အခြေခံ၍
အတိုင်းအတာတစ်ခုထိ Combat Ready ဖြစ်အောင် လေ့ကျင့်ပြင်ဆင်
ဆောင်ရွက်ထားနိုင်သည့်အပြင် ပိုင်နက်ရေပြင်တွင်းနှင့် ဒေသတွင်း နိုင်ငံစုံပူပေါင်းလေ့ကျင်မှုများတွင်
ပါဝင်စေခြင်း၊ ဒေသတွင်း ရေတပ်များသို့ မိုင်ထောင်ချီကျော်၍ Ship Visit
သွားရောက်စေခြင်းနှင့် ဒေသအပြင်ဘက်တိုင်အောင် UN Mission များ
ထမ်းဆောင်စေခြင်း တို့သည် ၎င်းတို့၏ Maintenance and Repair System
စနစ်ကျထိရောက်မှုနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး
(HRD)ဆောင်ရွက်မှုတို့ကို လက်တွေ့ကျကျ တွေ့မြင်နိုင်သော သာဓကများ ဖြစ်သည်။
ယင်းသည် အချိန်၊ငွေကြေး နှင့် အမျိုးမျိုးသော စီမံခန့်ခွဲမှုများ သက်သာ၍
ရရှိလာသော Proven ဖြစ်ပြီးသား လက်တင်စီး Platform များ၏ သက်တမ်း
(၁၅နှစ်ခန့်)အတွင်း Military Role ၊ Diplomatic Role နှင့် HRD များ စသည့်
Naval Building ဆိုင်ရာ ခေါင်းစဉ်များကို Low Cost Effective Management
ဖြင့် မြန်မြန်ဆန်ဆန် ပုံဖော်နေခြင်းဖြစ်ကြောင်း မြင်သာနိုင်ပါသည်။ ထို့မှ
သိသိသာသာ ပိုလျှံထွက်လာသော စွမ်းအားအရင်းအမြစ် အလုံးစုံ( Management ၊ HR ၊
Budget ၊ Time ၊ etc...) တို့အား အသုံးပြု၍ Naval Building ၏
ရှေ့ခြေလှမ်းများဖြစ်သည့် Submarine Arm ဖြစ်ပေါ်ရေး၊ Aviation
အခြေတည်ခိုင်မာရေး ၊ Surface နှင့် Warfare Focus အတွက် ဟာနေသော
ကွက်လပ်နှင့်လိုအပ်ချက်များကို အကောင်အထည်ဖော် ဖြည့်ဆည်းနေကြောင်း တွေ့ရသည်။
ထို့ကြောင့် ယခုဖော်ပြပါ BNS Somudro Joy စစ်ရေယာဉ်သည်လည်း ၎င်းတို့ Strategy
အတွက် ပုံဖော်နေသော Action Plan တွင် အသုံးတော်ခံ ကျားလိမ္မာ တစ်ကောင်အဖြစ်
ပါဝင်လာတော့မည် ဖြစ်သည်။ ယခုအခြေအနေတွင်ပင် အင်အားကြီးရေတပ်နိုင်ငံသို့ အရာရှိ/စစ်သည်
(၉၀)ကျော် သွားရောက်၍ စစ်ရေယာဉ်နှင့်အတူ လအတန်ကြာ တွဲဖက်လေ့ကျင့်ခွင့်
ရရှိနေပြီဖြစ်သည်။ဆိုခဲ့ပါအတိုင်း နိုင်ငံတကာစံနူန်းနှင့်
ချိန်ထိုးကြည့်ရန်မလိုပဲ သူ့အိုးသူ့ဆန် သူ့အထွာနှင့် တွက်ခြေကိုက်သည့်
ခြေလှမ်းတစ်ရပ်ကို လှမ်းလိုက်ခြင်းဖြစ်ပါမည်။
ရေတပ်တစ်ခုသည်
ပိုင်နက်ရေပြင်နှင့် ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများကို ကာကွယ်
စောင့်ရှောက်ရန် ထိုက်သင့်မျှတသော Naval Power ကို Capability နှင့် Threat
Base အခြခံ၍ တည်ဆောက်ခြင်းသည် မှန်ကန်သော Right တစ်ခုဖြစ်သော်လည်း
Offensive အသွင်ဆောင်သော ရည်ရွယ်ချက်ရှိပါက သတိကြီးစွာဂရုပြုရပါမည်။
သေချာသည်မှာ BNS Somudro Joy သည် အိမ်နီးချင်းနှစ်နိုင်ငံအနက်
အိန္ဒိယရေတပ်အဆင့်နှင့် ကျားအဖြစ်သတ်မှတ်ရန် မဖြစ်နိုင်သော်လည်း
မိမိတို့အတွက် ကျားဆိုးတစ်ကောင် ဖြစ်မလာပါဟု မဆိုနိုင်ပေ။ဤအတွက်လည်း
လတ်လတ်ဆတ်ဆတ် သင်ခန်းစာများ ရှိနှင့် ရှိဆဲ ဖြစ်ပါသည်။မိမိတို့အခြေအနေသည်
လှေကြီးထိုး Conventional Warfare အသွင်ဖြင့် နိုင်ငံကျုးကျော်စစ်ကို
မျှော်လင့်ခြင်းထက် မျှော်လင့်မထားသော အခြေအနေ အချိန်အခါမျိုးတွင် Naval
Power ပြ၍ လျှပ်တစ်ပြက်အတွင်း နိုင်ငံရေးအမြတ်ထုတ် အကျိုးစီးပွား
အမြတ်ထုတ်သော ဖြစ်စဉ်များက ပို၍အလေးသာဖွယ် ရှိနေပါသည်။
Naval Building တွင် Capability Base သည် Modernisation ကို ဖြစ်စေသော်လည်း
War Fighting Focus အတွက် Threat Base သည် မရှိမဖြစ် လိုအပ်ပါသည်။ ဖြစ်ဆဲ
ဖြစ်လတ္တံ့ ဖြစ်လာနိုင်သော ပြည်တွင်းနိုင်ငံရေး အခြေအနေ၊ စီးပွားရေး
အခြေအနေတို့သည် Naval Building အပေါ်တွင် တိုက်ရိုက် သက်ရောက်မှုရှိသည်
ဟုဆိုသော်လည်း ပို၍အရေးကြီးသော အချက်သည် တိုင်းပြည်နှင့်လူမျိုး၏
အမျိုးသားအကျိုးစီးပွားအတွက်
သာမန်အရွယ်အစားသာ ရှိသော ရေတပ်ပင်ဖြစ်လင့်ကစား ရှိနေသမျှသောအင်အားသည်
အချိန်မရွေး Combat Ready ဖြစ်ရန် ဖြစ်သည်။ ထို့ကြောင့် Political
Transition များအရ အချို့ခေါင်းစဉ်များအား အသားပေးဆောင်ရွက်ရာတွင်
ဘေးထွက်ဆိုးကျိုးများ မဖြစ်ရေးအတွက် ကျန်ခေါင်းစဉ်များအား
သာမန်အဆင့်သာသာသို့ ဆွဲခေါ် Maintain လုပ်ရန် လိုအပ်သည်။ အဓိကသည်
ဦးစားပေးသင့်သည်များကို ပေးနေရသော်လည်း ရည်မှန်းချက်အဆင့်လိုက် သွားနေသော
လမ်းခုလပ်တွင် တွေ့ကြုံနိုင်သော အခြေအနေများအား လက်ဦးမှုယူရန် (သို့)
မဆိုင်းမတွ တုန့်ပြန်နိုင်ရန် ထိုက်သင့်သော Combat Ready Force
ခိုင်ခိုင်မာမာ လက်ဝယ်ရှိရေးအတွက် ကဏ္ဍစုံ ဘက်ညီမျှတသည့် Concrete Plan
လမ်းကြောင်းဖြင့် သွားရမည်ဟုသာ မြင်မိသည်။
မောင်မုတ်သုန်
(Myanmar Navy)
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်