အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

လားရှိုးတွင်မီးရှို့ခံရမည့် အစ္စလာမ်ဘာသာဝင်ပိုင် လုပ်ငန်းများ စာရင်းထွက်ပေါ်

လားရှိုးမွတ်စလင်မ်များအား အကြမ်းဖက်တိုက်ခိုက်မှုကို ဘာသာရေး အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ယနေ့နံနက်ပိုင်းတွင်လည်းဆက်လက်ပြုလုပ်နေ ပြီး ယနေ့နေ့လည် ၂ နာရီဝန်းကျင်အချိန်တွင် အမှတ် ၂ ရပ်ကွက် သုခလမ်း ရှိ အစ္စလာမ်ဘာသာဝင်ပိုင် လားရှိုး ဓါတ်ပုံတိုက် ကိုမီးရှို့တော့မည်ဖြစ်ကြောင်း ဘေးကပ်လျှက်ရှိ ဗုဒ္ဓဘာသာဝင်ပိုင် အင်တာနက် ဆိုင်သို့ အကြမ်းဖက်သမားများက လာရောက် အသိပေးသွားကြောင်းသိရသည်။

"မီးရှို့တော့မယ် မင်းတို့ဆိုင်သိမ်းတော့လို့လာပြောသွားတာပါ။လားရှိုး ဓါတ်ပုံတိုက်ကို ရှို့ရင်မီးကူးမှာစိုးလို့လို့ပြောပါတယ်"ပာု လားရှိုးဓါတ်ပုံတိုက်နှင့်ကပ်လျှက်တွင်ရှိသည့် အင်တာနက်ဆိုင်နှင့် နီးစပ်သူတစ်ဦးက မြန်မာမွတ်စလင်မ်မီဒီယာသို့ နေ့လည် ၁ နာရီ ၅၀ မိနစ် အချိန်တွင်ပြောသည်။
အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးမည့် စာရင်းတွင် ပါဝင်သည့် အစ္စလာမ်ဘာသာဝင်များပိုင်ဆိုင်အချို့မှာ-
လားရှိုးဓါတ်ပုံတိုက်
သီတာအေးရုပ်ရှင်ရုံ
သီတာအေး ဓါတ်ပုံတိုက်
ရွေမြင်းနှစ်ကောင် ဓါတ်ခဲစက်ရုံ
ပာာဂျီရရှီးဒ်ပိုင် အဆောက်အအုံနှင့်လုပ်ငန်းများဖြစ်ကြောင်းသိရသည်။


လားရှိုးမြို့အနှံ့လုံခြုံရေးများထူထပ်စွာချထားသော်လည်း ထိရောက်သည့် ပာန့်တားမှုတစ်စုံတစ်ရာကို ယခု အချိန်အထိ မပြုလုပ်သေးကြောင်းသိရသည်။
BREAKING NEWS

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...