အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရည်အသွေးမြင့် Tourist Police များ မွေးထုတ်ပေးရန် လိုအပ်လာကြောင်း နိုင်ငံတကာ ရဲတပ်ဖွဲ့ အကြံပေးက ပြောကြား

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာမှုကြောင့် နိုင်ငံခြားသား ခရီးသွားများ၏ လုံခြုံရေး ဆောင်ရွက်နိုင်ရန် အရည်အသွေးမြင့် Tourist Police များ မွေးထုတ်ပေးရန် လိုအပ်ကြောင်း နိုင်ငံတကာ ရဲတပ်ဖွဲ့ အကြံပေး Mr. Mark Wilson က ဆိုသည်။"မြန်မာနိုင်ငံကို နိုင်ငံခြားသား ခရီးသွားတွေ ပိုမိုဝင်ရောက် လာတယ်။ နိုင်ငံခြားသား ခရီးသွားတွေရဲ့ အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်လာလို့ရှိရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်လာနိုင်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ အရည်အသွေးမြင့်တဲ့ Tourist Police တွေ ရှိဖို့လိုအပ်ပါတယ်" ဟု Mr. Mark Wilson က ဆိုသည်။
မြန်မာ့ရဲတပ်ဖွဲ့ဝင်များ၏ အဓိက လိုအပ်ချက် အနေဖြင့် အင်္ဂလိပ်စာ သင်ကြားပေးရန် လိုအပ်ပြီး ယဉ်ကျေးပျုငှာစွာ ဆက်ဆံတတ်စေရန် သင်ကြားပြသပေးရန် လိုအပ်နေသေးကြောင်း ထပ်မံပြောကြားသည်။ ထိုကဲ့သို့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် Tourist Police သင်တန်းတွင် အင်္ဂလိပ်စာ သင်တန်းအား တစ်ရက်လျှင် သုံးနာရီကြာ သင်ကြားပေးပြီး အခြားသင်တန်း ပို့ချခြင်းများကို သီတင်းပတ်တစ်ပတ်လျှင် သုံးရက်သင်ကြားပေးကြောင်း သိရသည်။

"ကျွန်တော်တို့ အနေနဲ့ သင်တန်းသား ၁၂၀ ကို သင်တန်းပေးလျက် ရှိပါတယ်။ အခုလို သင်တန်းပေးတဲ့ နေရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့ ရာနှုန်းပြည့် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။" ဟု ၎င်းကဆိုသည်။
ထိုကဲ့သို့ သင်တန်းပေးထားနိုင်ရန် အခြားသော EU အဖွဲ့ဝင် နိုင်ငံများ၊ အမေရိက၊ သြစတြေးလျ၊ ဗြိတိန်၊ ဂျပန်နိုင်ငံများမှ အထောက်အပံ့ပေး ကူညီပေးထားကြောင်း Tourist Police များကို နိုင်ငံခြားသား ခရီးသွားများ ထူထပ်ရာ နေရာများတွင် ထားရှိရန် ရည်ရွယ်ထားကြောင်း Tourist Police သည် ပြည်ထဲရေးအောက်တွင် အထူးဌာနခွဲအဖြစ် ထားမည်ဟု သိရသည်။

EMG

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...