မေလလယ်က အိန္ဒိယ သမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကာ သီရိလင်္ကာ၊
ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံများသို့ ဖြတ်သန်းတိုက်ခတ်သွားသော
အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း အား မဟာဆန် (Mahasen)ဟု
အမည်ပေးလိုက်သည့်အပေါ် သီရိလင်္ကာရှိ ထိပ်တန်း မိုးလေဝသ ပညာရှင်များက
တောင်းပန်လိုက်ရသည်။အကြောင်းမှာ သီရိလင်္ကာ နိုင်ငံတွင် အေဒီ ၄ ရာစုက
အုပ်ချုပ်သွားသော ဘုရင်မင်းမြတ်၏ အမည် (King Mahasen)အား ယခုကဲ့သို့
သဘာဝကပ်ဘေးကြီးတခုအတွက် သုံးလိုက်ခြင်းအပေါ် နိုင်ငံရေးသမားများနှင့်
လယ်သမားအဖွဲ့များက
ဆန့်ကျင်ကန့်ကွက်မှုများကြောင့် တရားဝင်
တောင်းပန်ရခြင်းဖြစ်သည်ဟု သီရိလင်္ကာနိုင်ငံ မိုးလေဝသဌာန
ညွှန်ကြားရေးမှူးချုပ်အား ကိုးကား၍ အေပီ သတင်းတရပ်တွင် ဖော်ပြထားသည်။“မဟာဆန် ဘုရင်ကြီးနှင့် တိုင်းပြည်၏ ဂုဏ်ရောင်အား ထိခိုက်စော်ကားမှု တစုံတရာ ရှိမိပါက” တောင်းပန်ပါ သည်ဟု ညွှန်ကြားရေးမှူးချုပ် S.H. Kariyawasam က အင်္ဂါနေ့တွင် ပြောဆိုသွားခြင်း ဖြစ်သည်။
မေလ ၁၃-၁၄-၁၅ ရက်နေ့များတွင် ထိုဆိုင်ကလုန်း တိုက်ခတ်မှုကြောင့် လူပေါင်း ၁၈ ဦး သေဆုံးခဲ့ရပြီး တသန်းခန့် အိုးအိမ်ရွှေ့ပြောင်းခဲ့ကြရသည်။
ဘုရင်မင်း မဟာဆန် သည် သီရိလင်္ကာတိုင်းပြည်တွင် ဧရာမ ရေလှောင်ကန်ကြီး ၁၆ ခု တည်ဆောက်ပေးနိုင်ခဲ့ပြီး ဘုရားတဆူသဖွယ် ကြည်ညိုသမှု ပြုကြရသည်ဟုလည်း သတင်းတွင် ဖော်ပြရေးသားထားသည်။
မဇ္ဈိမသတင်းဌာန