အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

29 May, 2013

အိပ်ရာထချိန် ခါးနာနေလျှင်

မနက်အိပ်ရာထတဲ့ အချိန်မှာ ခါးနာပြီး နေ့လယ်ပိုင်းမှာ ကောင်းနေတာက အိပ်တာ ပုံမမှန်တာကြောင့် ဖြစ်နိုင်သလို ကိုယ်အိပ်တဲ့ မွေ့ရာ၊ခုတင်နဲ့ အိပ်ရာတွေက ကိုယ်နဲ့ အဆင် မပြေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်တာကြောင့် ခါးတောင့်တာနဲ့ ခါးနာတာတွေ ဖြစ်တတ်တဲ့ သူတွေကို ဘယ်လို အကြံပေးလဲဆိုတော့
1) ပက်လက် မအိပ်ပါနှင့်၊ ဘေးစောင်းအိပ်ပါ ...

ပက်လက်အိပ်ရင် ခါးနာ တတ်ပါတယ်။ ဘေးစောင်းအိပ်ပါ။ ညာဘက်ပဲ စောင်းစောင်း၊ ဘယ်ဘက်ပဲ စောင်းစောင်း ဘေးစောင်းအိပ်ပြီး ဒူးကို ကွေးကာ ဒူးနှစ်ဖက်ကြား ဖက်လုံးခံပြီး အိပ်ရင် ခါးတောင့်တာ၊ ခါးနာတာတွေ ကင်းစေပြီး ခါးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အနေအထား ဖြစ်ပါတယ်။

2) မွေ့ရာတစ်ခုကို ကြာရှည် မသုံးပါနှင့်...

မွေ့ရာက သုံးတာ အချိန်ကြာရင် မွေ့ရာအနေအထား မမှန်တော့ဘဲ ချိုင့်တွေ၊ ခွက်တွေ ဖြစ်ပြီး တောင့်တင်းမှုလည်း ကျသွား တတ်ပါတယ်။ အဲဒီမွေ့ရာတွေနဲ့ အိပ်ရင် ခါးနာ တတ်ပါတယ်။ တစ်ခါတလေ အိပ်ရာနိုးရင် ခါးနာတယ်ဆိုတဲ့ လူနာတွေကို မွေ့ရာကို အသစ်လဲဖို့ ဆရာတို့ အကြံပြုလေ့ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် တောင့်တင်းမှုရှိတဲ့ မွေ့ရာတွေကို ပြောင်းသုံး ခိုင်းပါတယ်။

3) အိကျသော မွေ့ရာနှင့် မအိပ်သင့်ပါ ...

အိပ်လိုက်ရင် အိကျတဲ့ မွေ့ရာတွေ၊ ဟိုးအရင်တုန်းက သုံးတဲ့ စပရင်ခုတင်မွေ့ရာတွေက ခါးကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒီလိုအိပ်ရာမျိုးကို မသုံးစေချင်ပါဘူး။ ပြီးတော့ အုန်းဆံ မာမာတွေ ထည့်ထားတဲ့ အဖုအထစ်ပါတဲ့ အိပ်ရာတွေကလည်း ခါးကျန်းမာရေး အတွက် မသင့်တော် ပါဘူး။ ဒါမျိုးတွေကိုလည်း မသုံးဖို့ အကြံပြုလိုပါတယ်။


မြန်မာပြည်သား
See More

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...