အနုပညာနဲ့ ပတ်သက်ရင် အားလုံးအဆင်ပြေတယ်ဆိုတဲ့ အိမ့်ချစ်တစ်ကိုယ်တော်
တေးစီးရီးခွေ ထွက်ရှိခဲ့ပြီး ဖြစ်သလို အနုပညာ စင်မြင့်ထက်မှာ ကြိုးစားမှု
အပြည့်နဲ့ လျှောက်လှမ်း နေသူလေး အိမ့်ချစ်ကို အနည်းငယ် မေးမြန်းကြည့်ခဲ့
ရာမှာတော့ အနုပညာနဲ့ ပတ်သက်ရင် အရာအားလုံး အဆင်ပြေကြောင်း အဆိုတော်
အိမ့်ချစ်က ဖြေကြား သွားခဲ့ ပါတယ်။အဖေ့ ကျေးဇူးကြောင့် ဒီလောကမှာ ရပ်တည်နိုင် တာလား၊ ဦးချစ်နဲ့သဘော
ကွဲလွဲမှုတွေ ရှိနေတယ်ဆို။ ဟုတ်ပါတယ်၊ ညီမတို့ မိသားစု ပြဿနာ လေးတွေ
ရှိနေတယ်၊ အဲ့ဒီ အတွက်ကြောင့် သဘောထား ကွဲနေကြ တာပါ။ အနုပညာနဲ့ ပတ်သက်ရင်
အားလုံး အဆင်ပြေပါတယ်၊ အဖေ့ရဲ့ အကြံပေးမှုတွေ၊ နည်းလမ်းပြသမှု တွေတော့
ရခဲ့ပါတယ်။မိဘနဲ့ ပတ်သက်လို့ အိမ့်ချစ်ရဲ့ခံစားချက်က။ အတူ နေသည် ဖြစ်စေ၊ မနေရ သည်ဖြစ်စေ မိသားစု တစ်စုအတွက် ဘဝ၀ဋ်ကြွေး ကံကြမ္မာရှိလို့ မိသားစု ပြဿနာ တွေရှိကြတယ်၊ ဒါပေမယ့် ညီမ ရင်ထဲမှာတော့ မိဘဆိုတာ မိဘပါပဲ။ ညီမ အိမ်ထောင် ကျလို့ ညီမ သား၊ သမီးတွေ ကျရင် ကိုယ့်လို ခံစားမှုမျိုး မခံစားရအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။
အိမ့်ချစ် သုံးလေ့ ရှိတဲ့ လက်သုံး စကား လေးက။ လူတွေ အားလုံးကို အဖြူစင် ဆုံးနဲ့ အသန့်ရှင်း ဆုံးကို အမှန်တရား တွေပေးသလို ကိုယ့်အပေါ် သူတို့မမှန်ပါက သူတို့ လမ်းသူတို့ သွားကြ ပါစေလို့ ညီမ အမြဲဆုတောင်း ပါတယ်။
By Venus News Journal