သြဂုတ်လအတွင်းကျင်းပမည့်
ရှစ်လေးလုံးဒီမိုကရေစီ ၂၅ နှစ် ပြည့်ငွေရတုအခမ်းအနားတွင် ရှစ်လေးလုံး
အရေးအခင်းကာလ အတွင်း ထုတ်ဝေခဲ့သော သတင်း စာ၊ စာစောင်နှင့် မှတ်တမ်း များကို
ပြခန်းပြုလုပ်၍ပြသသွားမည်ဖြ စ် ကြောင်း ကိုမြအေး (၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း)က ပြောသည်။ “ပွဲရက်အတွင်းမှာ ၈၈ တုန်း က ထုတ်ခဲ့တဲ့ သတင်းစာတွေ၊ စာစောင်တွေ၊
ဓာတ်ပုံတွေ၊ မှတ်တမ်းတွေကို ပြခန်းလုပ်ဖို့ အစီအစဉ်ရှိပါတယ်”ဟု ၎င်းကပြော
သည်။ အဆိုပါပွဲတွင်အကြောင်း အမျိုးမျိုးကြောင့် ပြည်ပရောက် နေသော
နိုင်ငံရေးသမားများနှင့် ပြည်တွင်းရှိနိုင်ငံရေးလုပ် ရှားသူများ အားလုံးတက်ရောက်နိုင်ရန်အတွ က် ဖိတ်ကြားသွားမည်ဖြစ်ပြီး အစိုးရ ပိုင်းမှ တာဝန်ရှိသူများကိုလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပွဲကိုနိုင်ငံရေးအနှစ် သာရရရှိဖြစ်အောင်လုပ်မယ်။ နိုင်ငံရေးလုပ်ရှားမှုလုပ်ခဲ့ တဲ့ လက်ရှိလုပ်နေတဲ့ အဖွဲ့တွေအား လုံးပါဝင်နိုင်အောင်ဖိတ်ကြားသွား မယ်”ဟု ကိုဌေးကြွယ် (၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း) ကပြောသည်။
ရှစ်လေးလုံးငွေရတုအခမ်း အနားကို ယခုနှစ်တွင် သြဂုတ်လ (၇) ရက်မှ (၉) ရက်နေ့အထိ နိုင်ငံရေးအဖွဲ့အစည်းများနှ င့်
ပါတီ များမှ စည်ကားစွာကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ကျင်းပပြုလုပ်
မည့်နေရာကိုမသတ်မှတ်ရသေး ကြောင်း သိရသည်။ ရှစ်လေးလုံး
နှစ်ပတ်လည်အခမ်းအနားကို ယမန်နှစ်က မန္တလေးမြို့တွင်ကျင်းပ ခဲ့ကြောင်း
သိရသည်။
The Hot News
ဒီပွဲကိုနိုင်ငံရေးအနှစ် သာရရရှိဖြစ်အောင်လုပ်မယ်။ နိုင်ငံရေးလုပ်ရှားမှုလုပ်ခဲ
ရှစ်လေးလုံးငွေရတုအခမ်း အနားကို ယခုနှစ်တွင် သြဂုတ်လ (၇) ရက်မှ (၉) ရက်နေ့အထိ နိုင်ငံရေးအဖွဲ့အစည်းများနှ
The Hot News