တိုင်းရင်းသား
ပါတီ များဖြင့် စုဖွဲ့ထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း
(NPF) မဟာမိတ် အဖွဲ့သည် လာမည့် ဇွန်လလယ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌
ဖက်ဒရယ် ယူနီယံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် ရှိသည်ဟု ကျားဖြူ ပါတီ
ဒုဥက္ကဌ စိုင်းဆောင်ဆီက ဆိုပါသည်။
“ကျင်းပမှာက ဇွန်လ ၁၁၊ ၁၂ နှစ်ရက် တည်းပါ။ အဓိက ကတော့ ဖက်ဒရယ် ယူနီယံနဲ့
ပါတ်သက်တဲ့ ကော်မီတီ သစ် တစ်ခု ဖွဲ့စည်းဖို့ပါ။ တကယ်လို့ PR ရွေးကောက်ပွဲ
စနစ်နဲ့ လုပ်လာမယ် ဆိုရင် အင်အားပြိုင်နိုင်အောင် စုစည်းမှု တစ်ရပ် အနေနဲ့
တည်ဆောက်တာ ဖြစ်တယ်” ဟုဆိုပါသည်။
ဤအစည်းအဝေးသည် ၁၅ ကြိမ်မြောက်
ဆွေးနွေးပွဲဖြစ်ပြီး အောက်ပါ အချက် (၄)ချက်ကို အခြေခံ ဆွေးနွေးသွား မည်ဟု
ချင်းအမျိုးသား ပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်
ကဆိုပါသည်။
တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်သည့် ဥပဒေ မူကြမ်း ကိစ္စကို ဆွေးနွေးရန်။
ဖက်ဒရယ် ယူနီယံ ပါတီ FUP အသစ် တစ်ရပ် ဖြစ်ပေါ်လာရေး ဆွေးနွေးရန်။
ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ နှင့် တိုင်းရင်းသား အရေး ကိစ္စများ ဆွေးနွေးရန်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စတွင် ဖက်ဒရယ် စနစ်ကျအောင်
မည်သည့် အချက်များကိုပြင်ဆင် ဖြည့်စွက် သင့်သည် စသည့် အချက်များနှင့်
တိုင်ရင်းသားများ အတွက် မည်သည့် အချက် ပြင်ဆင် သင့်သည် များကို
အချိန်ရှိရင် ရှိသလို အသေးစိတ် ဆွေးသွားရန် တို့ ဖြစ်ပါသည်။
ထို့အပြင် တစ်ပါတီချင်းမှ တင်ပြ လာသော အချက်များကိုလည်း ဆွေးနွေးရန်
ရှိနေပါသည်။ ထိုအထဲတွင် (၈)ပြည်နယ်ကို အခြေခံသော ပြည်ထောင်စုမူနှင့်
ဗဟိုနှင့် ပြည်နယ် လွှတ်တော်တို့၏ အာဏာ ခွဲဝေရေး မှုမူများလည်း ပါဝင်ကြောင်း
ဆိုပါသည်။
လာမည့်တောင်ကြီး အစည်းအဝေးသို့ တိုင်းရင်းသား (၁၅)
ပါတီခန့် တက်ရောက်မည်ဖြစ်ပါသည်။ ကိုယ်စားလှယ်များကိုမူ တစ်ပါတီလျှင်
(၃)ဦးမှ (၅)ဦးအထိ တက်ရောက်ခွင့် ရှိပြီး ကိုယ်စားလှယ်ပေါင်း (၅၀) ခန့်
တက်ရောက်ရန် ရှိသည်ဟု ခန့်မှန်းထားပါသည်။
NBF မဟာမိတ် အဖွဲ့သည်
၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများနှင့် ဖွဲ့စည်းထားသည့်
(Information group) သာဖြစ်ပါသည်။ ပါဝင်သော ပုဂ္ဂိုလ်များမှာ (ကျားဖြူပါတီ)၊
ရခိုင် အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံး
ဆိုင်ရာ ဒီမိုကရေစီ ပါတီမှ အတွင်းရေးမှူးများဖြင့် စုဖွဲ့ ထားပါသည်။
မြန်မာနိုင်ငံသည် လွတ်လပ်သည့် တန်းတူ ညီမျှသော ဖက်ဒရယ် ပြည်ထောင်စုကြီး
ဖြစ်သင့်ကြောင်း၊ အစိုးရ ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများက တောင်းဆို လာနေပြီး ဖြစ်ပါသည်။
သို့သော် မည်သို့ သော ဖက်ဒရယ် စနစ်မျိုး ဖြစ်လာမည် ဆိုသည်ကို စောင့်ကြည့်
ကြရဦးမည် ဖြစ်ပါသည်။
ရွှေဟင်္သာသတင်းဌာန
02 June, 2013
ပြည်တွင်း တိုင်းရင်းသား ပါတီများ၏ ဖက်ဒရယ် ညီလာခံ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 02
(52)
- Pee Mak Phra Kanong พี่มาก พระโขนง ထိုင်းသရဲဟာသ ရံ...
- Microsoft ထိပ်တန်းခေါင်းဆောင်များ ဇွန် ၅ ရက် မြန်မ...
- အနုပညာနဲ့ ပတ်သက်ရင် အားလုံးအဆင်ပြေတယ်ဆိုတဲ့ အိမ့်ချစ်
- စံချိန်တင် ပြည်ပတင်ပို့မှုအလွန် ပြည်တွင်းဆန်ဈေးကွက်
- ရုရှားနိုင်ငံအနေဖြင့် ယခုနှစ် နွေရာသီတွင် စစ်ရေးလေ...
- ၈၈၈၈ ငွေရတုတွင်ပြခန်းများပါဝင်မည်
- ကျောင်းဖွင့်ရာသီတွင် ကျောင်းကြိုပို့ ဘတ်စ်များ ပြေ...
- ဟံသာဝတီအောက်မေ့ဘွယ်အခမ်းအနားများကျင်းပ
- မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းမှုတွေ စတင်နေပြီလို့ အေ...
- သမ္မတ ဦးသိန်းစိန်ကို ထောက်ခံ ဆန္ဒပြ
- ဆင်းရဲမှု ၁၆ရာခိုင်နှုန်း လျော့ချရန် တရုတ်ပြည်မှ ချေ...
- အမေရိကန်နိုင်ငံ ဟျူစတန်မြို့တွင် မီးလောင်မှုဖြစ်ပွာ...
- ဥာဏ်ထိုင်းစေသည့် ဘဝနေထိုင်မှုပုံစံ
- NLD ဗဟိုကော်မီတီများ စွမ်းရည်မြင့် အလုပ်ရုံ ဆွေးနေ...
- ပုဏ္ဍားကျွန်းမြို့နယ်တွင် ဆရာဝန် အလုံအလောက် မရှိ၍ ဒေ...
- ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ၏ ...
- ကျောင်းခန်းထဲတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် အ...
- ပြည်တွင်း တိုင်းရင်းသား ပါတီများ၏ ဖက်ဒရယ် ညီလာခံ
- လယ်ယာမြေသိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်အဖွဲ့ ဖာ...
- တိုင်းရင်းသားပေါင်းစုံပါဝင်သော ဆွေးနွေးပွဲတစ်ရပ် က...
- ပညာ ယူရ မှာလား ဝေးဝေးက ရှောင်ရ မှာလား
- တရုတ် Cyber တိုက်ခိုက်မှု အမေရိကန် ကာကွယ်ရေး ၀န်ကြီ...
- ရန်ကုန်တွင် ယနေ့ကျင်းပမည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး...
- အလုပ်အကိုင် အခွင့်အလမ်းပြပွဲ ပထမနေ့၌ပင် အလုပ်လျှော...
- နိုင်ငံကိုးခုမှ ဆရာဝန်များက နှုတ်ခမ်းကွဲ၊ အာခေါင်ကွ...
- မီးသတ်ဌာနချုပ်က လေယာဉ်မီးငြှိမ်း သတ်ခြင်းအား ဖော်က...
- အမေရိကန် မြန်မာစစ်ရေးဆက်ဆံမှု အကန့်အသတ်နဲ့ စတင်
- လားရှိုး ပုဒ်မ ၁၄၄ ဖြေလျှော့
- တူရကီ ဆန္ဒပြရင်ပြင်က ရဲတွေဆုတ်ခွာ
- အိုကလာဟိုးမား လေဆင် နှာမောင်း လူ ၉ ဦး သေဆုံး
- မြန်မာအစိုးရများ နဲ့ ဂျပန် ငွေကြေးအကူအညီ
- အလုံးစုံ မော်တော်ယာဉ် အာမခံ အပါအ၀င် အာမခံခြောက်မျု...
- မြန်မာ၊ တရုတ်၊ ထိုင်းတို့မှ သဘာဝပတ်ဝန်းကျင် ပညာရှင...
- လမ်းမတော်မြို့နယ် ၀ါးတန်းဇက်ဆိပ်တွင် ဟိုင်းလပ်ကားတ...
- အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မက်ဒယ်လိန်း ...
- မြန်မာနိုင်ငံတွင် တည်ရှိနေဆဲ ဥပဒေများကြောင့် စတော့...
- လူ့အခွင့်အရေးကို OIC နိုင်ငံတွေဆီမှာသွားတောင်းပါလိ...
- ဦးတေဇနှင့် ရဟတ်ယာဉ် မတော်တဆဖြစ်စဉ်အတွင်းပါဝင်သူမျ...
- “ ပြည်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်န...
- ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘ၀မြှင့်တင်ေ...
- တူရကီ တွင် ဆန္ဒပြ သူ ၁၀၀၀ ကျော် ကို ဖမ်းဆီး
- ဘာသာပေါင်းစုံ ကော်မတီ ထားဝယ်မှာ ဖွဲ့စည်း
- မြစ်ကြီးနားက ပြန်လာ တဲ့ ကေအိုင်အိုခေါင်းဆောင်တွေ လ...
- မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းမှ ယခု ဘဏ္ဍာနှစ်အတွင်း ...
- ကချင်ဒေသ တစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်း...
- နယ်စပ်များမှတစ်ဆင့် နှစ်လအတွင်း စက်သုံးဆီ တန်ချိန်...
- အီရတ်မှာ ပြည်တွင်းစစ် ဖြစ်တော့ မလား
- ဆန္ဒပြမှုတွေ ရပ်ဖို့ တူရကီ ဝန်ကြီးချုပ် ပန်ကြား
- တရုတ်မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းပြီးပြီလို့ CNPCပြော
- စွမ်းအင်ရှာဖို့ ရှီကျင်းပင် ကယ်ရီဘီယံ ရောက်
- ဆီးရီးယားစစ် နဲ့ ဘာသာရေး ဂိုဏ်းကွဲ ပဋိပက္ခ
- CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ ေ...
-
▼
Jun 02
(52)
-
▼
June
(712)