အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 June, 2013

ဦးတေဇနှင့် ရဟတ်ယာဉ် မတော်တဆဖြစ်စဉ်အတွင်းပါဝင်သူများ ဧဝရတ်တောင်တက် နှစ်ခြောက်ဆယ်ပြည့် အခမ်းအနားသို့တက်ရောက်ခဲ့

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က မိမိတို့အဖွဲ့ မဒွယ်တောင်ပေါ်တွင် ရဟတ်ယာဉ် မတော်တဆဖြစ်စဉ်အတွင်း မိမိတို့ကို ကယ်ဆယ်ရန်အတွက် ကြိုးပမ်းခဲ့သည့်အဖွဲ့တွင် နီပေါနိုင်ငံ၊ ခတ်တမန်ဒူ မြို့မှ Fish Tail Air သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နီပေါနိုင်ငံဟာ ဧဝရတ်တောင် တည်ရှိရာ နိုင်ငံဖြစ်တဲ...့အပြင် ရေခဲတောင်တက်သမားများ ဘေးအန္တရာယ်နဲ့ကြုံတွေ့ပါက လေကြောင်း ရဟတ်ယာဉ်များ အသုံးချကာ ကယ်ဆယ်ရေးလုပ်ငန်းများ အဆင့်အတန်းမြင့်မြင့် အချိန်နှင့်တပြေးညီ အကောင်းဆုံး ကယ်ဆယ်ဆောင်ရွက်နိုင်တဲ့ လေကြောင်းလိုင်းတွေရှိပါတယ်။ ဒီထဲမှာ Fish Tail Air ဟာ အမြင့်ပေ ၂၁၀၀၀ ကျော်မှာ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့တဲ့ World Recorded ရထားတဲ့ အကောင်းဆုံး လေကြောင်းလိုင်းဖြစ်ပါတယ်။

Fish tail air မှ ဥက္ကဌ ဖြစ်သူ Mr. BIKASH JB RANA ဟာ မဒွယ်တောင်ရဟတ်ယာဉ် ပျက်ကျပြီးကတည်းက မိမိနှင့် သူရဲကောင်းငါးဦးတို့အား ဂုဏ်ပြုဖို့အတွက် ဖိတ်ခေါ်နေပေမယ့် မိမိအနေနဲ့ အချိန်လုနေရတဲ့အတွက် မသွားရောက်နိုင်ခဲ့ပါ။ ယခု ဧဝရတ်တောင်တက် နှစ်ခြောက်ဆယ်ပြည့်တွင် လာရောက်ရန် ထပ်မံဖိတ်ခေါ်တဲ့အတွက် မေလ ၂၈ ရက်နေ့ သွားရောက်ခဲ့ပါတယ်။

ဒီလိုသွားရောက်ရာမှာ တခြားသော ရည်ရွယ်ချက်တွေလည်း ရှိပါတယ်။ ပထမအချက်အနေနဲ့ မိမိထူးဖောင်ဒေးရှင်းတည်ထောင်ထားပြီး ယင်းဖောင်ဒေးရှင်းနှင့် တွဲလျက် Search and Rescue (SAR) ဆိုတဲ့အဖွဲ့အစည်းကို ပူးတွဲဆောင်ရွက်လျက်ရှိပါတယ်။ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့အတွက် အသုံးပြုတဲ့ ရဟတ်ယာဉ်တွေကို မိမိ၏ Yangon Airport Group (YAG)မှ Pilot များနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ယခုသွားတဲ့ ခရီးစဉ်မှာ Fish Tail Air အနေနဲ့ဆောင်ရွက်လျက်ရှိတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုနဲ့ High Attitude မှာ မောင်းနှင်နိုင်အောင် အနီးကပ်အတွေ့အကြုံနဲ့ သင်တန်းပေးရန်အတွက် Htoo Foundation မှ Search and Rescue အဖွဲ့ဝင် Pilot များ၊ Engineer များကို ခေါ်ဆောင်အတွေ့အကြုံယူစေခဲ့တဲ့အပြင် October လမှာတွဲဖက်ပြီး ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်စေမှာ ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ မြန်မာနိုင်ငံရဲ့ Tourism Industry ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အဆင့်အတန်းမြင့်သော Ecotourism လုပ်ငန်းများ ဆောင်ရွက်နေမှုတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။ တတိယအချက်အနေနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းဖြစ်တဲ့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်း အောင်မြင်မှုတွေကို လေ့လာခဲ့ပါတယ်။ နောက်ဆုံးအချက်ဖြစ်တဲ့ ဧဝရတ်တောင်ခြေစခန်းရှိရာ ပေ ၁၈၀၀၀ မြင့်တဲ့ Resort နေရာကိုလည်း သွားရောက်လေ့လာရန် စီစဉ်ပြီး သွားရောက်ခဲ့ပါတယ်

U Tayza Facebook

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...