အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 June, 2013

မြန်မာ၊ တရုတ်၊ ထိုင်းတို့မှ သဘာဝပတ်ဝန်းကျင် ပညာရှင်များ သံလွင်မြစ်ဝှမ်း ဒေသသို့ လာရောက်လေ့လာ

သံလွင်မြစ်ပေါ်တွင် ရေကာတာများ တည်ဆောက်ပါက ဖြစ်ပေါ်လာနိုင်သော လူမှုဘ၀ ပြဿနာများနှင့် ဂေဟစနစ် ပျက်စီးဆုံးရှုံးနိုင်မှု အခြေအနေကို သုတေသန ပြုလုပ်ရန် တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များအဖွဲ့  သံလွင်မြစ်ဝှမ်းဒေသဖြစ်သော မော်လမြိုင်မြို့ ၀န်းကျင်၊ ဘီလူးကျွန်း (ချောင်းဆုံ) ဒေသနှင့် သံလွင်မြစ်၊ ဂျိုင်းမြစ်နှင့် အထ္ထရံ မြစ်များဆုံရာ ဒေသများသို့ မေ ၃၁ ရက်က ကွင်းဆင်းလေ့လာ ခဲ့ကြသည်။အဆိုပါ အဖွဲ့သည် ဘီလူးကျွန်းဒေသ ကော့မုပွန်ကျေးရွာရှိ ဒေသခံများနှင့် တွေ့ဆုံကာ သံလွင်မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား ထုတ်ယူမည့် ရေကာတာများ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုစီးပွားရေး အခြေအနေများနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒေသခံများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အဖွဲ့သည် ဘီလူးကျွန်းဒေသ ကော့မုပွန်ကျေးရွာရှိ ဒေသခံများနှင့် တွေ့ဆုံကာ သံလွင်မြစ်ပေါ်တွင် လျှပ်စစ်ဓာတ်အား ထုတ်ယူမည့် ရေကာတာများ တည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် လူမှုစီးပွားရေး အခြေအနေများနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေများကို ရှင်းလင်းပြောကြား . . . . .

သံလွင်မြစ်ဝှမ်း အထက်ပိုင်းတွင် မြစ်ကြောင်းပိတ်ပြီး ရေကာတာများ တည်ဆောက်လျှင် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ၊ ရေချိုစီးဆင်းမှု အခြေအနေများကို ပညာရှင်များက ရှင်းလင်းပြောကြားခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ မြိုင်ကြီးငူ ဒေသမှာ ရေကာတာတွေ တည်ဆောက်မယ့်အကြောင်း ဂျာနယ်တွေမှာ ဖတ်ရပါတယ်။ ဘာကြောင့်ဆောက်လဲ။ ဘာအတွက် ဆောက်လဲတော့ မသိပါဘူး။ လယ်တွေကို ရေငန်လွှမ်းမှာကို အကြောက်ဆုံးပါပဲ။ စိုက်ပျိုးရေး လုပ်ငန်းအနေနဲ့ ကျွန်တော်တို့က မိုးစပါးနဲ့ ဆောင်းသီးနှံတွေ စိုက်ပါတယ်။ ရေငန်သာ တိုးမယ်ဆိုရင် ကျွန်တော်တို့ လယ်တွေယာတွေ ပျက်ဆီးပြီး စီးပွားပျက်နိုင်ပါတယ်။ ရေလုပ်ငန်းကလည်း အရင်ကထက် ငါးရရှိမှု အလွန်နည်းပါး သွားပါပြီ" ဟု ဒေသခံပြည်သူ ဦးစိုးတင်မှ ပြန်လည်ဆွေးနွေး တင်ပြပါသည်။

ထို့နောက် သုတေသန အဖွဲ့သည် သံလွင်မြစ်ဝှမ်း ဒေသတွင် ပါဝင်သော ဒရယ်မြစ်အတွင်းနှင့် သံလွင်မြစ်၊ ဂျိုင်းမြစ်၊ အထ္ထရံမြစ်များ ဆုံရာဒေသများသို့ သွားရောက်လေ့လာ ခဲ့ကြသည်။

EMG
See More

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...