အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 June, 2013

မြန်မာ့တပ်မတော်နဲ့ ပူးပေါင်းမှုတွေ စတင်နေပြီလို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပြောကြား

အမေရိကန် တပ်မတော်နဲ့ မြန်မာ့ တပ်မတော်အကြား မှန်ကန်တိကျတဲ့မူဝါဒတွေကို သေသေချာချာ သတ်မှတ်ပြီး ဆက်ဆံရေးကို စတင်နေပြီလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel ချပ်ဟေဂယ်က ပြောကြားလိုက်ပါတယ်။စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ အာရှပစိဖိတ်ဒေသလုံခြုံရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံမှာအမေရိကန်ပြည်ထောင်စုရဲ့အာရှပစိဖိတ်ဒေသလုံခြုံရေးအပေါ်သဘောထားနဲ့
ပတ်သက်ပြီး မိန့်ခွန်းပြောကြားရာမှာ မစ္စတာ ဟေဂယ်က ခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အာရှပစိဖိတ်ဒေသနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေ တက်ရောက်တဲ့ ညီလာခံမှာ အမေရိကန်စစ်တပ်နဲ့ မြန်မာစစ်တပ်အကြား အနီးကပ်ဆက်ဆံရေးကို အခုလို စတင်ဆောင်ရွက်ခြင်းဖြင့် မြန်မာတပ်မတော်အနေနဲ့ တိုင်းပြည်ခေါင်းဆောင်တွေအပေါ် တာဝန်သိသိ သစ္စာရှိရှိထမ်းဆောင်တဲ့ တပ်မတော်တခုဖြစ်လာရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး မြန်မာပြည်ရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို ထောက်ခံအားပေးတဲ့ တပ်မတော်တခုဖြစ်လာရေးတို့ကို ရည်မှန်းထားပါတယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ဟေဂယ် ကပြောပါတယ်။

ဗီယက်နမ်စစ်ပြန်တဦးဖြစ်တဲ့ ဟေဂယ်ကသူ့နဲ့ သူ့ဖခင် တိုက်လေယာဉ်မှူးတို့ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ အတွေ့အကြုံတွေကို ပြောကြားရင်း အဲဒီအတွေ့အကြုံတွေအရ အာရှတိုက်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လောက် ကောင်းမွန်ကျွမ်းကျင်စွာ ထိတွေ့ဆက်ဆံဖို့ အရေးကြီးကြောင်း သူသိရှိပါတယ်လို့လည်း ပြောကြားသွားပါတယ်။

မြောက်ကိုးရီးယားနိုင်ငံက နူကလီယား လက်နက်နဲ့ ဒုံးပျံအစီအစဉ်အပါအဝင် ရန်လိုမှုတွေဆက်လက်ဆောင်ရွက်နေမှုကို သူကထောက်ပြခဲ့သလို အာရှတိုက်ရင်ဆိုင်နေရတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ဆင်းရဲမွဲတေမှုတွေ၊ သယံဇာတ ပတ်ဝန်းကျင်ပျက်စီးမှုတွေ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးပြဿနာ စတာတွေကိုပြောဆိုကာ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်မယ့် သံတမန်ရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ချိန်ခွင်လျှာညီမျှရေး မဟာဗျူဟာတွေကို သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သူက ဘတ်ဂျက်ငွေကြေးအခက်အခဲတွေရှိပေမယ့် အမေရိကန်အနေနဲ့ ကာကွယ်ရေးအတွက် လိုအပ်သလိုသုံးစွဲမှာဖြစ်ကြောင်း၊ အာရှပစိဖိတ်ဒေသမှာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့အင်အားတွေတိုးချဲ့ချထားမှာဖြစ်ကြောင်း၊ နိုင်ငံတကာရှိ အမေရိကန်လေတပ်ရဲ့၆ဝ ရာခိုင်နှုန်းအထိ အခုဒီဒေသမှာ တပ်စွဲထားပြီဖြစ်ကြောင်း၊ သြစတေးလျား၊ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံစတဲ့ အာရှနိုင်ငံအများအပြားနဲ့ စစ်ရေးဆက်ဆံမှုတွေတိုးမြှင့်မှာဖြစ်ကြောင်း ပြောကြားရင်း အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေရဲ့ ဒေသအတွင်း အရေးပါမှုတွေကို အထူးပြုပြောကြားသွားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ စစ်ရေးတောင့်တင်းမှုဟာ ဒေသလုံခြုံရေးကို အထောက်အကူပြုစေမယ်လို့ ယုံကြည်ကြောင်း၊ တရုတ်နဲ့ အမေရိကန်အကြား အပြုသဘောဆက်ဆံရေးတိုးမြှင့်ဖို့အချက်ဟာ အာရှတိုက်ဆိုင်ရာ ချိန်ခွင်လျှာညီမျှရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်းနဲ့ တဦးနဲ့တဦး ရည်မှန်းချက်တွေအပေါ် အမြင်ကြည်လင်ရေးနဲ့ နားလည်မှုမှားယွင်းတာတွေ မရှိဖို့လည်း အရေးကြီးကြောင်း စသဖြင့်ပြောကြားသွားပါတယ်။

အခုလို အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်တက္ကသိုလ်က အမျိုးသမီးဗိုလ်ချုပ် Yao Yunzhu က အမေရိကန်အနေနဲ့ အာရှပစိဖိတ်ဒေသအတွင်း စစ်အင်အားတိုးချဲ့မှုနဲ့ပတ်သက်ပြီး ဒီထက်ပိုမိုပြည့်စုံစွာ ရှင်းလင်းပြောကြားသင့်ကြောင်း၊ အမေရိကန်ရဲ့ အာရှဆိုင်ရာ လက်ရှိမူဝါဒဟာ တရုတ်ပြည်ရဲ့စစ်အင်အားချဲ့ထွင်မှုနဲ့ ဒေသအပေါ်သြဇာလွှမ်းမိုးမှုကြီးမားလာတာကို တုံ့ပြန်မှုဖြစ်တယ်လို့ ရှုမြင်ချက်တွေ ကျယ်ကျယ့်ပျံ့ပျံ့ပေါ်ထွက်နေကြောင်း စသဖြင့်ဝေဖန်ပါတယ်။

အမေရိကန်ရဲ့ အာရှပစိဖိတ်ဒေသအတွင်း စစ်ရေးချဲ့ထွင်မှုဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေးပိုမိုတိုးတက်အောင် လုပ်ဆောင်ရာမှာ ပါဝင်တဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်ဆိုပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဘယ်လိုအာမခံနိုင်မှာလဲလို့လည်း သူမက မေးခွန်းထုတ်လိုက်ပါတယ်။

RFA Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...