အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 June, 2013

NLD ဗဟိုကော်မီတီများ စွမ်းရည်မြင့် အလုပ်ရုံ ဆွေးနွေးပွဲ ရခိုင် ဗဟိုကော်မီတီဝင်များ တက်ရောက်

မေလ ၂၈ ရက်မှ ၃၀ ရက်နေ့ထိ ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မီတီ ၀င်များ စွမ်းရည်မြှင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ ရခိုင်မှ ဗဟိုကော်မီတီ (၄) ဦး တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။ “ NLD မှာ ရခိုင်က ဗဟို ကော်မီတီ ၄ ဦးရှိပါတယ်။ ဦးညီပုရယ်၊ ဦးသိန်းမောင်၊ ဦးမောင်ကြွင်းအောင်နဲ့ ကျွန်တော် ဖြစ်ပါတယ်။ ကျွန်တော် ၄ ဦးစလုံး တက်ရောက်ခဲ့ပါတယ်” ဟု NLD ဗဟိုကော်မီတီဝင် တောင်ကုတ်မြို့မှ ဦးမင်းအောင်က ပြောသည်။

ဆွေးနွေးပွဲတွင် အဓိက အးဖြင့် နိုင်ငံတော် ဘတ်ဂျက် ကိစ္စ ၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မူကဏ္ဍနှင့် သက်ဆိုင်သော ကိစ္စ ၊ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မူ ကိစ္စနှင့် World bank နှင့် IMF တို့နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲသည် တက်ရောက်သူများအား အကျိုး အများကြီးရှိသည်ဟု ကိုမင်းအောင်က ပြောသည်။

“ ဗဟို အဆင့် အမူဆောင် ကော်မီတီ ၀င်တွေ အတွက် အင်မတန် အကျိုးရှိပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ဗဟုသုတတွေ အပြင် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ရရှိပါတယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို အထောက်အကူ ပြုနိုင်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး” ဟု သူက ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲအား ရန်ကုန်မြို့ ၀ိုင်အမ်စီအေ ခန်းမတွင် ပြုလုပ်ခဲ့ပြီး NLD ဗဟိုကော်မီတီဝင် ၁၂၀ ရှိသည့် အနက် ၅၁ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

ဦးမျိုးမြင့် ( စီမံ ဘဏ္ဍာဌာနက ညွှန်ကြားရေးမှူးချုပ် ဟောင်း)၊ UNDP ၀န်ထမ်းဟောင်း တက္ကသိုလ် ဆရာကြီး တစ်ဦး၊ ဆရာ ဦးသံဒိုင် (ဘောဂဗေဒ)၊ ဒေါက်တာ သောင်းထွန်း ( NCGUB – ကုလ ဆိုင်ရာ ကိုယ်စားလှယ်ဟောင်း) တို့မှ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဟောပြော ပို့ချခဲ့သည်ဟု ပြောသည်။

“ ဒီ အလုပ်ရုံ ဆွေးနွေးပွဲကို ဗေဒါ နိုင်ငံရေး သိပ္ပံ သင်တန်းကျောင်းနဲ့ ဒေါက်တာ သောင်းထွန်း ဦးဆောင် ဖွဲ့စည်းထားတဲ့ Peace and Social justice အဖွဲ့တို့က ကမကထ ပြုပြီး စီစဉ် ပြုလုပ်ပေးတာ ဖြစ်ပါတယ်” ဟု ဦးမင်းအောင် က ပြောသည်။

နိရဉ္စရာ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...