အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 June, 2013

Microsoft ထိပ်တန်းခေါင်းဆောင်များ ဇွန် ၅ ရက် မြန်မာနိုင်ငံရောက်မည်

ကမ္ဘာ တစ်ဝန်း ဖွံ့ဖြိုးမှု နိမ့်ကျသည့် နိုင်ငံများ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ငွေကြေးနှင့်
နည်းပညာအကူအညီများ ထောက်ပံ့လျက် ရှိသည့် ကမ္ဘာထိပ်တန်း Software ကုမ္ပဏီ Microsoft မှ Corporate Vice President ဖြစ်သူ Mr.Dan`I Lewin နှင့် အဖွဲ့သည် ဇွန်လ ၅ ရက်နေ့တွင် မြန်မာ
နိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) အမှုဆောင် ဦးထင်
အောင်ခိုင်က The Voice သို့ ပြောကြားသည်။
Mr.Lewin နှင့် အခြားခေါင်းဆောင်နှစ်ဦး ပါဝင်မည့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်တွင်ကျင်းပမည့် ကမ္ဘာ့ စီးပွားရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး ဇွန်လ ၇ ရက်နေ့အထိ
သုံးရက်ကြာ နေထိုင်မည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

Microsoft ထိပ်တန်းခေါင်းဆောင်များ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူသားအကျိုးအတွက် တာဝန်
ယူမှုရှိပြီး လူမှုအကျိုးစီးပွားကို အဓိကဦးစားပေးသည့် CRS (Corporate Social Responsibility) လုပ်ငန်းများဆောင်ရွက်ရန် အစိုးရတာဝန်ရှိသူများ၊ MCF အမှုဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွား
မည် ဖြစ်ကြောင်း MCF ထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ဝင်ရောက်လာပါက စီးပွားရေးရှုထောင့် တစ်
ခုတည်းသာမ ကြည့်ဘဲ CRS ကို အလေးအနက် ထားကာ ဝန်ထမ်းများနှင့် ၄င်းတို့၏ မိသားစုဘဝ လုံ
ခြုံရေး၊ လူမှုဘဝမြင့်မားလာရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှုရှိ မရှိ စောင့် ကြည့်ရန် လိုအပ်
မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် များက အကြံပြုပြောကြားသည်။

CRS နှင့်ပတ်သက်သည့် အကြံပြု အဖွဲ့အစည်းများတည်ထောင်ခြင်း၊ သုတေသန လုပ်ငန်းများ ဆောင်
ရွက်ခြင်း တို့တွင် Microsoft သည် အတွေ့အကြုံ များစွာ ရှိသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၄င်းတို့ထံမှ နည်းပညာနှင့် လေ့ကျင့်ရေးအကူအညီများ ရရှိအောင် ကြိုးပမ်းသင့်ကြောင်း အိုင်တီပညာရှင် တစ်ဦးက
ထောက်ပြသည်။

မြန်မာနိုင်ငံသို့ အမေရိကန်နည်းပညာ ကုမ္ပဏီများမှ ကိုယ်စားလှယ် အဖွဲ့မတ်လအတွင်း လာရောက်ခဲ့
ပြီးနောက် Google နှင့် Intel ခေါင်းဆောင်များ ဆက်တိုက်လာရောက်ခဲ့ကာ Microsoft ၏ ယခု ခရီး
စဉ်မှာ အမေရိကန် ထိပ်တန်းနည်းပညာကုမ္ပဏီ ခေါင်းဆောင်များ၏ တတိယမြောက် ခရီးစဉ် ဖြစ်သည်။

The Voice Weekly

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...