အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

02 June, 2013

ရုရှားနိုင်ငံအနေဖြင့် ယခုနှစ် နွေရာသီတွင် စစ်ရေးလေ့ကျင့်မှုပေါင်း ၅ဝဝ ပြုလုပ်သွားရန် စီစဉ်

ရုရှားနိုင်ငံ အနေဖြင့် ယခုနှစ် နွေရာသီတွင် စစ်ရေးလေ့ကျင့်မှုပေါင်း ၅ဝဝ အား ပြုလုပ်သွားရန် စီစဉ်ထား ရှိကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးက ဇွန် ၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံရှိ မြေပြင်တပ်ဖွဲ့၊ ဝေဟင်တပ်ဖွဲ့နှင့် ရေပြင်တပ်ဖွဲ့များ အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကို ဦးတည်လျက် ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အမျိုးအစားပေါင်း ၅ဝဝ အား ပြုလုပ်သွားရန် စီစဉ်ထား ကြောင်းကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထို့အပြင် ရုရှားနိုင်ငံအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုပေါင်း ၂ဝ အား ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ထိုအထဲတွင် ကြီးမား လှသော စစ်နည်းဗျူဟာများနှင့် စစ်ရေးလေ့ကျင့်မှုများအား ဘေလာရုစ်နိုင်ငံနှင့် ပူးပေါင်း၍ Zapad 2013 အမည်ရှိ စစ်ရေးလေ့ကျင့်မှု တစ်ခုလည်း အပါအဝင်ဖြစ်ကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...