အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 June, 2013

ရန်ကုန်မြို့တွင် စိမ်းလန်းမြေဧရိယာလျော့ကျလာ၍ ပန်းခြံအသစ်များ ထပ်မံတည်ဆောက်မည်

စိမ်းလန်းမြေဧရိယာ လျော့ကျလာသော ရန်ကုန်မြို့တော်တွင် ပန်းခြံအသစ်များ ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ပြီး လက်ရှိပန်းခြံများကိုလည်း ပြုပြင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း မေ ၅ ရက်က Chatrium Hotel တွင်ပြုလုပ်သော ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း'' နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် JICA ၏ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း အဖွဲ့ခေါင်းဆောင် Mr. Koji YAMADA က ပြောကြားခဲ့သည်။ရန်ကုန်မြို့တော်တွင် စိမ်းလန်းစိုပြေသည့် မြေဧရိယာ လျော့ကျလာပြီး ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း စိမ်းလန်းမြေဧရိယာ ၁၀၂.၁ km2 မှ ၉၆.၃ km2 အထိ လျော့ကျလာသည်ဟု သိရသည်။ ထို့ကြောင့် အဆိုပါ စိမ်းလန်းမြေ ဧရိယာများကို ထိန်းသိမ်းမှုများ မပြုလုပ်နိုင်ပါက ဆုံးရှုံးသွားနိုင်ကြောင်း Mr. Koji YAMADA ကဆိုသည်။

ရန်ကုန်မြို့တော်အား လာမည့် ၂၀၄၀ ပြည့်နှစ်တွင် စိမ်းလန်းစိုပြည်၍ ရွှေရောင်တောက်ပသော မြို့တော်ဖြစ်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ပူးပေါင်း၍ ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်း'' ကို အကောင်အထည် ဖော်လျက်ရှိသော ယင်းစီမံကိန်းတွင် မြို့တော်စိမ်းလန်းစိုပြည်ရေး အတွက် ဖန်တီးမှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတွက် ရန်ကုန်မြို့ရှိ ကန်တော်ကြီး၊ အင်းယားကန်စသော စိမ်းလန်းမြေ ဧရိယာများကို ထိန်းသိမ်းပေးသွားမည့်အပြင် လှော်ကားဥယျာဉ်ကိုလည်း အနာဂတ်တွင် ရန်ကုန်မြို့၏ အချက်အချာကျသည့် ဥယျာဉ်တစ်ခု အနေဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

''ရန်ကုန်မြို့တော်မှာ စိမ်းလန်းစိုပြေတဲ့ နေရာတွေ လျော့လာပါတယ်။ ဆက်မထိန်းရင် ဆုံးရှုံးသွားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ၂၀၄၀ ပြည့်နှစ်မှာ ရန်ကုန်မြို့တော် စိမ်းလန်းပြီး ချစ်စရာကောင်းတဲ့ မြို့ဖြစ်ဖို့ လုပ်သွားမှာပါ။ ဒါကြောင့် မြို့ကို စိမ်းလန်းမှုတွေနဲ့ ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ ပန်းခြံအသစ်တွေ ဆောက်မယ့်အပြင် လက်ရှိပန်းခြံတွေကိုလည်း ပြုပြင်မှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု Mr. Koji YAMADA က ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်တွင် လက်ရှိပန်းခြံ အရေအတွက် ၅၈ ခုရှိကြောင်း၊ သို့သော် အများပြည်သူ မိသားစုအလိုက် အပန်းဖြေနိုင်သည့် ဥယျာဉ်အရေအတွက်မှာ နည်းပါးနေကြောင်း၊ ထို့ပြင် ပန်းခြံအချို့အား ပုဂ္ဂလိက လုပ်ငန်းရှင်များအားပေး၍ အိမ်ရာစီမံကိန်းအဖြစ် ပြောင်းလဲရန် စီစဉ်နေသည်ဟု သတင်းများလည်း ထွက်ပေါ်ရာ သက်ဆိုင်ရာဌာနသို့ မေးမြန်းသည့်အခါတွင် မဟုတ်မှန်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။

ပြန်လည်ပြင်ဆင်ထားသည့် မဟာဗန္ဓုလပန်းခြံအား တွေ့ရစဉ်(ဓာတ်ပုံ-ကျော်ထင်)

Eleven Media Group

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...