အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 June, 2013

မိန်းကလေးတွေ လမ်းမှားမရောက်အောင်

(ဆရာကောင်းသန့်နှင့်အင်တာဗျူး)
မိန်းကလေးတွေ လမ်းမှားရောက်နိုင်တဲ့ အဓိက အကြောင်းတရားတစ်ခုက ဆင်းရဲခြင်းပါပဲ။ မွန်းကျပ်နေတဲ့သူဆိုရင်တော့ ထိန်းသိမ်းဖို့ခက်တယ်။ ဒီကြားထဲမှာ ပိုက်ဆံချမ်းသာတဲ့လူတွေကလည်း နည်းမျိုးစုံနဲ့ ပိုက်ဆံချမ်းသာနေတော့ ငွေတန်ဖိုးကို ဂရုမစိုက်ဘဲ အဲဒီငွေတွေနဲ့ အစားကောင်းတွေ ဘယ်လိုစားရမလဲဆိုပြီး လိုက်ရှာနေတာ။ ဆရာတို့မြန်မာပြည်မှာ တွင်တွင်ကျယ် ကျယ်ကြီးပေါ်လာတာကတော့ Sponsor ပဲ။ ပညာကိုလိုလားတဲ့ကလေးတွေ၊ ဘ၀ကို ရုန်းကန်နေရတဲ့ ကလေးတွေ၊ မွန်းကျပ်နေတဲ့ကလေးတွေဟာ အဲဒီ Sponsor ဆိုတဲ့ ငါမျှားချိတ်မှာ မိကြတာပဲ။ တချို့ကျတော့လည်း ကံကောင်းထောက်မစွာနဲ့ပဲ ဒီSponsor နဲ့ သူတို့ဘ၀ ထင်ပေါ်ကျော်ကြားသွားတာတွေ ရှိတယ်။ ဒါမျိုးတွေကို အားကျပြီး လိုက်လုပ်ကြတော့ ရာခိုင်နှုန်းအများစုက ဒုက္ခရောက်ကြတယ်။ အဆင်ပြေတဲ့သူက ၁၀ ရာခိုင်နှုန်းလောက်လေးတောင် မပြည့်ပါဘူး။ အဲဒီလောက်လေးကို မြင်ပြီး မိန်းကလေးတွေ လမ်းမှားကို လွဲသွားကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်စိတ်ပျောက် သွားတယ်။ ရေရှည်မှာ ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး။ တခြားသူကို အားကိုးတာက ခိုင်မာတာ မဟုတ်ဘူး။ Sponsor ဘယ်လောက်ပဲကောင်းကောင်း စိတ်မချရဘူး။ လူရဲ့စိတ်က မျောက်စိတ်လိုပဲ။ တစ်ချက်ကလေး စိတ်ပြောင်းတာနဲ့ ကိုယ့်ဘ၀ပျက်တာပဲ။ ကိုယ် တည်ဆောက်ထားတာလေးက ပျက်သွားတာပဲ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်စိတ်မွေးဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ဖို့ကလည်း အသိဥာဏ် ပညာရှိမှ ကိုယ့်ကိုယ်ကိုယ်အားကိုးရဲတဲ့စိတ်ရှိတာ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ။ ဒါကြောင့်မို့ မိန်းကလေးတွေ အသိဥာဏ်များများရှိအောင် စာဖတ်ပါ။ အသိဥာဏ်အပေါ် မူတည်ပြီးတော့ ကိုယ့်အားကိုယ်ကိုးပါ။ ကိုယ်မရသင့်မရထိုက်တဲ့ ပစ္စည်း၊ ကိုယ်မပိုင်ဆိုင်နိုင်တဲ့ ကိစ္စမျိုးကို ဘယ်တော့မှလိုချင်စိတ် မဖြစ်ပါနဲ့။ အဲဒီ လိုချင်စိတ်ဟာ ပြဿနာတွေ အများကြီးဖြစ်စေတယ်။ ဘ၀ပျက်စေတယ်။ အဲဒီတော့ ကိုယ်မရသင့်မရထိုက်တာကို မလိုချင်နဲ့။ ကိုယ်မ၀တ်နိုင်တာကို မ၀တ်ချင်နဲ့။ ကိုယ်မစားနိုင် တာကို မစားချင်ပါနဲ့လို့ ပြောချင်ပါတယ်။

Eternal Light Magazine

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...