အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

08 June, 2013

မလေးရှားမြန်မာသံရုံးက အကူအညီမပေးဟု မလေးရောက်မြန်မာများဆို

မလေးရှားနိုင်ငံအတွင်း အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများအား ယခုလဆန်းပိုင်းမှ စတင်ကာ မြန်မာနိုင်ငံသား အမည်ခံ ဘင်္ဂါံလီလူမျိုးများက အကြောင်းမဲ့ အကြမ်းဖက် သတ်ဖြတ်မှုများပြုလုပ်နေကြသည့် အတွက် မလေးရောက် မြန်မာနိုင်ငံသားများအတွက် အသက်ဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေနေကို ယင်းနိုင်ငံရှိ မြန်မာသံရုံးက အကူညီ တစ်စုံ...တစ်ရာမျှ မပေးကြောင်း မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေ သူများက ပြောကြသည်။
“အခု လိုက်သတ်နေတာက အဲဒီ့နိုင်ငံသားတွေ မဟုတ်ဘူး။ မြန်မာနိုင်ငံသား အမည်ခံထားပြီး အဲဒီမှာ နေတဲ့ ဘင်္ဂါံလီတွေက လုပ်နေတာ။ ဒီကောင်တွေက အင်ဒိုတို့ ဖိလစ်ပိုင်လူမျိုးတွေဆိုရင် ဘာမှမလုပ်ရဲဘူး။ ဘယ်လုပ်ရဲမလည်း သူတို့တွေ အတွက်က သူတို့နိုင်ငံ သံရုံးတွေက အကာကွယ် ပေးတယ်လေ။ ကျွန်တော်တို့ အတွက်ကတော့ ဒီကမြန်မာ သံရုံးက ဘာအကာကွယ်မှ မလုပ်ပေးတဲ့အတွက် ဒီကောင်တွေ ပိုအတင့်ရဲနေတာ ဖြစ်ပါတယ်” ဟု မလေးရောက် မြန်မာ တစ်ဦးက
ပြောကြားသည်။

ယင်းသို့သော အကြောင်းအရာများကြောင့် မလေးရှားနိုင်ငံ အတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအား မလေးရှား
နိုင်ငံအစိုးရက ဖမ်းဆီး စစ်ဆေးမှုများပြုလုပ်ကာ တရားမ၀င်
ဖြစ်နေသူများကို မြန်မာနိုင်ငံသို့ ယခုရက်ပိုင်း အတွင်း ပြန်လည် ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

“သူတို့ လိုက်ပြီးစစ်နေတာက မြန်မာတွေပဲ တကယ်လုပ်နေတဲ့ ဘင်္ဂါံလီကောင်တွေ မပါဘူး။ အဲဒါကိုက သူတို့နိုင်ငံ အစိုးရက ဒီကောင်တွေ အတွက် ဘက်လိုက်မှုတွေ လုပ်နေတာပါ” ဟု မလေးရှားနိုင်ငံ ဆူဘန်းမြို့၌ အလုပ်လုပ်နေသူ တစ်ဦးက ပြောကြားသည်။

လက်ရှိအခြေနေတွင် မလေးရှားနိုင်ငံ၌ မြန်မာဆိုသည့်နှင့် အစစ်ဆေးမရှိ ဖမ်းဆီးကာ စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိကြောင်း ၎င်းက ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးရဲထွဋ်အား ဆက်သွယ်မေးမြန်းရာ “အခုဖြစ်နေတဲ့ ကိစ္စတွေ
ပြေလည်ဖို့အတွက် ကျွန်တော်တို့နိုင်ငံက ရဲတွေကို သူတို့နိုင်ငံမှာ သွားထားလို့မှ မရတာ။ ဒါကြောင့် မလေးအစိုးရကို နှစ်နိုင်ငံသံတမန်ရေး အရပဲ အကူညီ လှမ်းတောင်း ထားပါတယ်” ဟု ပြောကြားသည်။

ွှThe Myanmar Age

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...