အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2014

အမြန်လမ်းတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု စခန်းများ မိုင် ၄၀ လျှင် တစ်ခုထားရန် စီစဉ်

Photo: အမြန်လမ်းတွင် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု စခန်းများ မိုင် ၄၀ လျှင် တစ်ခုထားရန် စီစဉ်
Friday, June 27, 2014

မန္တလေးအမြန် လမ်းမကြီးတွင် ယာဉ်မတော်တ ဆမှုကြောင့် ထိခိုက်ဒဏ်ရာများ ရရှိပါက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်အ တွက် ကျန်းမာရေးစောင့်ရှောက် မှုစခန်းများကို မိုင် ၄၀ လျှင် တစ် ခုထားရှိပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ယခုလ ၂၆ ရက်တွင် ပြု လုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အမြန်လမ်းမ ကြီးနှင့်ပတ်သက်၍ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးမြင့်စိုး၏ မေးမြန်းမှုကို ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုး တင့်က ဖြေကြားရာတွင် အထက် ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ လမ်းမကြီးအား နိုင်ငံတကာ အဆင့်မီပြုပြင်နိုင် ရေးအတွက် အမေရိကန်၊ ဂျပန် နှင့် ကိုရီးယားနိုင်ငံတို့မှ နည်းပညာ နှင့် ငွေကြေးအကူအညီများ ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိကာ ၃၆၆ မိုင် ကျော်ရှည်လျားသော လမ်းမကြီး အား အဆင့်မြှင့်တင်နိုင်ရေး အမြန်ဆုံး  ဆောင်ရွက်မည်  ဖြစ် ကြောင်း ဦးစိုးတင့်က ပြောသည်။

‘‘အမြန်လမ်းက ယာဉ်တိုက် မှု၊ ယာဉ်တိမ်းမှောက်မှုတွေလည်း  မကြာခဏ ဖြစ်တယ်။ တချို့နေ ရာတွေမှာဆိုရင် လမ်းပေါ်မှာ ဘလောက်တုံးတွေချပြီး အနုကြမ်းစီးတဲ့ပုံစံတွေအထိ ဖြစ်နေတယ်။ ဒါကြောင့် ဒီလမ်းမကြီးပေါ်မှာ ဖြတ်သန်းနေတဲ့ မော်တော်ယာဉ်တွေ ဘေးအန္တရာယ် ကင်းရှင်းဖို့နဲ့ အဆင့်မြင့်လမ်း ဖြစ်လာဖို့ ဘယ်လိုလုပ်မလဲဆိုတာ မေးခွန်းမေးတာ ဖြစ်ပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်စိုးက ပြောသည်။

အမြန်လမ်းအန္တရာယ် ကင်း ရှင်းရေးအတွက် သတ်မှတ်မိုင် နှုန်းထက်  ပိုမိုမောင်းနှင်သော ယာဉ်များအား အရှိန်တိုင်းကိရိ ယာဖြင့် စစ်ဆေးအရေးယူခဲ့ရာ ၂၀၁၃ ဧပြီမှ ယနေ့အထိ ယာဉ်အစီးရေး ၂၆၀၀ ကျော်ကို အရေးယူ ဆောင်ရွက်ပြီးဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။

‘‘ကပ်တုံးများ  ဖြုတ်ယူပြီး ယာဉ်များကို အန္တရာယ်ဖြစ်စေရန် ကြံရွယ်ပြီး လုယက်ရန်ကြံစည်သူ များကို ဖော်ထုတ်အရေးယူခဲ့ရာ ထောင်ဒဏ် သုံးနှစ် သုံးလချမှတ် ခဲ့ပြီး အလားတူဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရေးအတွက် အမြန် လမ်းမကြီးတစ်လျှောက် နေ့၊ ည မပြတ် လှည့်ကင်း၊ ရပ်ကင်း၊ ၀ပ် ကင်းများနဲ့ ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဦးစိုးတင့်က ပြော ကြားသည်။

 ဖော်ပြပါ လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုများ မကြာ ခဏဖြစ်ပေါ်လေ့ရှိပြီး မကြာသေးမီက ဖြစ်ပွားခဲ့သော ရာဇာမင်းယာဉ် တိမ်းမှောက်မှုသည် အမြန်လမ်း မပေါ်တွင် ဖြစ်ပွားသည့် ယာဉ် တိမ်းမှောက်မှုများအနက် လူအ သေအပျောက်အများဆုံး တိမ်း မှောက်မှု ဖြစ်သည်။

အမြန်လမ်းတစ်နေရာတွင် တွေ့ရသည့် ယာဉ်တစ်စီး (ဓာတ်ပုံ −မျိုးမင်းဦး)
7Day Daily

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...