အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 August, 2014

ကျောက်ပန်းတောင်းမြို့နယ် စိတ္တပါလဂူကျောင်း တောအုပ်တွင် လင်းဝက်ငှက်ကြီးများ ထူးဆန်းစွာ ခိုအောင်းလျှက်ရှိ


ကျောက်ပန်းတောင်း၊
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကောင်းဒီတောင်အခြေရှိ စိတ္တပါလဂူကျောင်း စာသင်တိုက်အနီးတောအုပ်တွင် လင်းဝက်ငှက်ကြီးများအုပ်စုလိုက် ထူးဆန်းစွာရောက်ရှိခိုနားလျှက်ရှိကြောင်း သိရသည်။
“ဒီကောင်တွေရောက်လာတာ တစ်ပတ်လောက်ရှိပြီဗျ။ အရင်နှစ်တွေကလည်းလာတတ်ပါတယ်။ ဒါပေမဲ့ဒီနှစ်ရောက်လာတာ နဲနဲစောတယ်။ နောက်ပြီးအကောင်ရေ များလာသလို နားတဲ့ရက်လည်း ကြာလာတယ်။အရင်နှစ်တွေက ဒီကောင်တွေ လာနားရင် တစ်ရက်-နှစ်ရက်ဘဲ။ အခုတော့ တစ်ပတ်ကျော်သွားပြီ။ ကျုပ်အထင်တော့ မိုးခေါင်ရေရှားဖြစ်နေတဲ့ အရပ်ဖက်ကကောင်တွေ အစာရေစာရှားပါးလာလို့ နေရပ်ပြောင်းရွေ့လာကြတာထင်ပါတယ်။ မြို့ထဲကလူတွေကတော့ ဒီလိုအကောင်တွေက
အီဗိုလာဗိုင်းရပ်ပိုးတွေ သယ်ဆောင်လာတတ်ကြတယ်ဆိုပြီး စိုးရိမ်နေကြတာတွေလည်းရှိတယ်။ ဒါပေမဲ့ ဒီငှက်တွေကတော့ ဒေသခံငှက်တွေပဲဖြစ်နိုင်ပါတယ်”ဟု ဂူကျောင်းစာသင်တိုက်အနီးရှိ ရွှေနဒီပရဟိတကျောင်းဆရာတော် ဦးယူဇနက မိန့်ကြားပါသည်။
ကျောက်ပန်းတောင်းမြို့ခံများမှာ အာဖရိကအလယ်ပိုင်းတွင် ဖြစ်ပွားနေသော ကြောက်မက်ဖွယ် အီဗိုလာရောဂါသတင်းကြောင့် အဆိုပါ လင်းဝက်ငှက်ကြီးများကို နှစ်မြို့ခြင်းမရှိကြဘဲ သက်ဆိုင်ရာဌာနများမှ လာရောက်ကြည့်ရှုလေ့လာ၍ လိုအပ်သည်များဆောင်ရွက်ကြရန် ဆန္ဒရှိနေကြကြောင်း သိရသည်။

MOI Webportal Myanmar

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...