နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေ တို့ သွင်းဂိုးများနဲ့ မြန်မာနိုင်
ယမန်နေ့ည မြန်မာစံတော်ချိန် (၁၁း၃၀)နာရီမှာ ပါလက်စတိုင်းနိုင်ငံ Faisal Al Husseni ကွင်းမှာ ၂၀၁၄ အာရှအမျိုးသမီးချန်ပီယံရှစ် ခြေစစ်ပွဲ2014 AFC Women's Championship Qualifier (အုပ်စုဃ)အဖွင့်ပွဲစဉ်အဖြစ် ပြိုင်ပွဲမှာမြန်မာအသင်းကအိန္ဒိယလက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေတို့တစ်ဂိုးစီသွင်းယူပေးနိုင်သည့်အနိုင်ဂိုးများဖြင့်(၂းဝ)နင့်မြန်မာအနိုင်ရရှိခဲ့ပါသည်။
နည်းပြချုပ် ကုမာဒါ၏ ပွဲထွက် မြန်မာ့လက်ရွေးစင် အမျိုးသမီး
အသင်းလူစာရင်းမှာ ဂိုး- သင်းသင်းစိုး နောက်တန်း- ဖူးပွင့်ခိုင်၊
မိုးမိုးဝါ၊ ရွှေစင်အောင်၊ နန်းကြေးငုံ အလယ်တန်း-နော်အားလိုဝါးဖော၊
ခင်သန်းဝေ၊ သန်းသန်းထွေး၊ စန်းစန်းမော် ရှေ့တန်း- ရီရီဦး၊ ခင်မိုးဝေ
အရန်ကစားသမားများ မြင့်မြင့်အေး၊ ဇာခြည်ဦး၊ ခင်မာလာထွန်း၊ ဝေေ၀အောင်၊
သီတာဦး၊ သန္တာမိုး၊ နီလာမြင့်၊ ဇင်မာဝင်း၊အေးအေးမိုး၊ မာဂရက်မေရီ၊
မေခင်ယမင်း၊မြဖူးငုံတို့ ဖြစ်သည်။
Popular
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်