အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 May, 2013

ဆန္ဒပြသူ များကို ရော်ဘာ ကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့သော ရဲအရာရှိ ၂၂ ဦးအား တရားစွဲ


စပိန်နိုင်ငံ ဘာစီလိုနာ မြို့တွင် ၂၀၁၂ ခုနှစ် မတ် ၂၉ ရက်က ဖြစ်ပွားခဲ့သော ဆန္ဒ ပြမှုများ အတွင်း ဆန္ဒပြသူ များကို ရော်ဘာ ကျည်ဆန်များဖြင့် ပစ်ခတ် ခဲ့ရာမှ ဆန္ဒပြသူ တစ်ဦးဒဏ်ရာ အပြင်းအထန် ရရှိ ခဲ့ခြင်းနှင့် ပတ်သက်၍ ရဲအရာရှိ ၂၂ ဦးကို စပိန် တရားရုံး တစ်ရုံးမှ တရားစွဲ ဆိုခဲ့ကြောင်း မေ ၂၀ ရက်တွင် အင်တာနက် သတင်းတစ်ပုဒ် အရ၊ သိရသည်။
၂၀၁၂ ခုနှစ် မတ် ၂၉ ရက်တွင် ဖြစ်ပွားခဲ့သော အဆိုပါ အဓိကရုဏ်း ကြီး၏ မှတ်တမ်းများ အရ ဆန္ဒပြသူ လူအုပ်ကြီးကို ရဲအရာရှိ များက ရော်ဘာ ကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့ရာ အနည်းဆုံး ငါးဦးကို၊ ဆေးရုံသို့၊ ပို့ဆောင် ပေးခဲ့ရကြောင်း၊ ၎င်းတို့အနက် နှစ်ဦးမှာ မျက်လုံး တစ်ဖက်စီ ဆုံးရှုံး ခဲ့ရကြောင်း၊ အခြား နှစ်ဦးမှာ ၎င်းတို့၏ လက်မောင်းများတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ကြောင်းနှင့် ကျန်တစ်ဦးမှာမူ နံရိုး ကျိုးခြင်းနှင့် အဆုတ် အတွင်း၌ ဆန်ခါပေါက်များ ဖြစ်ပွား ခဲ့ရသည်ဟု သိရသည်။

စပိန် နိုင်ငံ၏ ရဲဘက်ဆိုင်ရာ စည်းမျဉ်းများ အရ ရဲအရာရှိ များသည် ဆန္ဒပြသူ များကို တိုက်ရိုက် ပစ်ခတ်ခွင့် မရှိကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...