မြစ်ဆုံကိစ္စနှင့်
ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၁ ရက်တွင် လွှတ်တော်အတွင်း
ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် တရုတ်နိုင်ငံသို့ စကားပါးလိုက်ကြောင်း
သိရသည်။
မီဒီယာ တွေ့ဆုံပွဲတွင် Eleven Media Group မှ "တရုတ်သံရုံးနဲ့ ပတ်သက်တဲ့
အဖွဲ့အစည်းတွေက အန်တီတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
တာဝန်ရှိသူတွေနဲ့တွေ့ရင် မြစ်ဆုံပြန်စဖို့ တောင်းဆိုလေ့ ရှိတယ်လို့
သိရပါတယ်။ အဲဒီတောင်းဆိုမှုတွေအပေါ် အန်တီအနေနဲ့ ဘယ်လိုသဘောထား ရှိပါသလဲ" ဟု
မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ
ငြိမ်းချမ်းရေး ကိစ္စများ ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှု
ရှိရန်လိုအပ်ကြောင်း . . . . .
ဒေါ်အောင်ဆန်းစုကြည်က
"အန်တီပြောချင်တာက တကယ်တော့ မြစ်ဆုံနဲ့ ပတ်သက်လို့ရှိရင် သမ္မတကြီးကိုပဲ
ပြောဖို့ ရှိပါတယ်။ အန်တီတို့ အန်အယ်ဒီကိုပဲ ဘာဖြစ်လို့ လာပြောနေမှန်းကို
အန်တီ မသိဘူး။ သမ္မတကြီးကိုပဲ ပြောရမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ကော်မရှင်ထံသို့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြင်ဆင်လိုသည့် အချက်များကို
တင်သွင်းရန်ရှိကြောင်း၊ လက်ရှိနိုင်ငံတော် အစိုးရနှင့်
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ငြိမ်းချမ်းရေး ကိစ္စများ
ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း၊
တရားစီရင်ရေး မဏ္ဍိုင်တွင် အုပ်ချုပ်ရေးပိုင်းမှ ၀င်ရောက်စွက်ဖက်မှုကြောင့်
ယိမ်းယိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏
မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် အမေရိကန်သမ္မတ
အိုဘာမား ပြောသကဲ့သို့ နိုင်ငံတိုးတက်မှု အားမကောင်းသော်လည်း
တိုးတက်မှုရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားခဲ့သည်။
Eleven Media Group
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
May
(981)
-
▼
May 22
(31)
- ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၁ဝ)ကြိမ်မြောက် က...
- တောင်ငူတစ်ခရိုင်လုံးရှိ အမျိုးသမီးများ၏ လက်ဗွေရာမျ...
- ၂၀၁၅ – ၁၆ မှာ ၂၄ နာရီ လျှပ်စစ်မီးတကယ် ရတော့မလား
- မိုဘိုင်းဖုန်းနှင့် ကျန်းမာရေး
- ရှုရှားနိုင်ငံထုတ် ဘက်စုံသုံး ရဟတ်ယာဉ်များ အိန်္ဒိယ...
- လာဘ်စားမှုကင်းသော ကျောင်းအပ်လက်ခံမှု ဖြစ်ရေး နာမည်ကြ...
- ပြေးလမ်းမပါ အတက်အဆင်း ပြုလုပ်မှုအား ပထမဆုံးအကြိမ်ြ...
- ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုစာရင်းကိုင်သင်တန်း ပညာသင်...
- ချယ်လ်ဆီးသို့ မော်ရင်ဟို ပြန်ရောက် လာချိန်တွင် ဦး...
- ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အားတက်ဖွယ် မရှိသေး
- မဟတ္တမ ဂန္ဓီ၏ သွေးနမူနာကို လန်ဒန်မြို့တွင် လေလံတင်ေ...
- CNN ရဲ့ မြန်မာနိုင်ငံမှ Icon of Reform နဲ့ သီးသန့်...
- သြစီမိုင်းတွင်းလုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးမြုပ်...
- သြစီနဲ့ကန် အာရှ ပစိဖိတ်အတွင်း ပိုမိုအလေးပေးဖို့ ကြ...
- လည်ချောင်းနာခြင်းနဲ့ သွားတိုက်တံ
- ဖိုးသောကြာရဲ့ စတိုင်သစ်နဲ့ဆိုဟန် ၂၀၁၃ မကုန်ခင် ကြာ...
- ခံတွင်းကျန်းမာရေး ကောင်းမွန်ဖို့ နည်းလမ်းများ
- လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းမည့် My...
- နှစ်ပေါင်း ၅၀ ကျော်ကြာ ဈေးကွက်လက်ဝါးကြီး အုပ်ထားေ...
- ကရင်လက်နက်ကိုင် အဖွဲ့များအကြား ပြန်လည်သင့်မြတ်ရေး ...
- ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်း...
- ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရ...
- အမေရိကန် မြန်မာ ကုန်သွယ်ရေး သဘောတူညီမှု လက်မှတ်ထိုး
- နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေ တို့ သွင်းဂိုးများန...
- မြောက်ကိုရီးယားအစိုးရက တရုတ်ငါးဖမ်းသင်္ဘောသားများကို...
- မဟာမြတ်မုနိဘုရားကြီးအား သြဒိဿဥဒက(ပန်းမန်ပူဇော်ပွဲ)
- တရုတ်ရေပိုင်နက် ကျူးကျော်သူများ ကာကွယ်ရန်ဖိလစ်ပိုင...
- မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တရုတ်...
- ဆန္ဒပြသူ များကို ရော်ဘာ ကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့သော ရ...
- မြန်မာတနိုင်ငံလုံးရှိ ကျောင်းနေအရွယ် ကလေးအားလုံး ပ...
- ထပ်လိုသေးလား မိန်းခလေးရယ် ...
-
▼
May 22
(31)
-
▼
May
(981)