22 May, 2013
ချယ်လ်ဆီးသို့ မော်ရင်ဟို ပြန်ရောက် လာချိန်တွင် ဦးစွာ ထွက်ခွာရမည့် သူမှာ လုဇ်ဖြစ်လာဖွယ်ရှိ
ချယ်လ်ဆီး အသင်းကို ဟိုဆေးမော်ရင်ဟို တစ်ကျော့ပြန် ရောက်ရှိလာပါက ပထမဆုံး ရှင်းထုတ် ခံရမည့် ကစားသမားသည် ဒေးဗစ်လုဇ် ဖြစ်လာနိုင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။
ရီးယဲလ်မက်ဒရစ် အသင်းမှ ထွက်ခွာတော့မည့် မော်ရင်ဟိုသည် တစ်ချိန်က ၎င်းအောင်မြင်မှုများ ရယူခဲ့ဖူးသည့် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ တစ်ကျော့ပြန် ခြေချလာရန် အသင့် ရှိနေပြီး အသင်းတွင် အပြောင်းအလဲများအတွက် ကြိုတင် စိတ်ကူးထားသည်။ ပေါ်တူဂီသား နည်းပြ မော်ရင်ဟိုသည် အသက်(၂၆)နှစ်ရှိ ဘရာဇီးလ် လက်ရွေးစင် လုဇ်၏ ခံစစ် ကစားပုံ အရည်အသွေး အပေါ် စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။ ချယ်လ်ဆီးသည် (၂၀၁၁)ခုနှစ်က လုဇ်ကို ပေါင်စတာလင် (၂၁)သန်းဖြင့် ပေါ်တူဂီကလပ် ဘင်ဖီကာထံမှ ဝယ်ယူ ထားခဲ့သည်။
မော်ရင်ဟိုသည် ချယ်လ်ဆီးကို ပြန်လည် ကိုင်တွယ်ချိန်တွင် ဗဟို နောက်ခံလူ တစ်ဦး၊ ကွင်းလယ် ခံစစ်သမား တစ်ဦးနှင့် တိုက်စစ်မှူး တစ်ဦးမျှကို မဖြစ်မနေ ဝယ်ယူဖွယ် ရှိနေသည်။ လုဇ်သည် ချယ်လ်ဆီး ယာယီ မန်နေဂျာ ရာဖာဘင်နီတက်ဇ် လက်ထက်တွင် ကွင်းလယ် ခံစစ်ကို တာဝန်ယူ ပြောင်းရွှေ့ ကစား ခဲ့သော်လည်း ၎င်း၏ အဖျက် ကစားပုံနှင့် ပတ်သက်၍ အမှားအယွင်းများ ရှိနေဆဲ ဖြစ်ခဲ့သည်။ မော်ရင်ဟိုသည် လီဗာပူးလ်ကလည်း စိတ်ဝင်စားနေသည့် ရှော်လ်ကေး အသင်းမှ အသက်(၂၁)နှစ်အရွယ် ခံစစ်မှူး ကရိုင်ဂျီယာကော့စ် ပါပါဒိုပူးလော့စ်ကို စောင့်ကြည့်လျှက် ရှိသော်လည်း ဈေးနှုန်း မြင့်မားမှုကြောင့် အတန်ငယ် တွန့်ဆုတ်နေသည်။
ရီးယဲလ်တွင် မော်ရင်ဟိုနှင့် အတွဲ ညီခဲ့သည့် ပြင်သစ်လူငယ် ရာဖာရဲလ် ဗာရာနီကို စတမ်းဖို့ဒ်ဘရစ်ဂ်ျ ခေါ်ယူရေးမှာ မော်ရင်ဟို၏ ဆန္ဒတစ်ခု ဖြစ်သည့်တိုင် စပိန် ကလပ်က ၎င်းတို့၏ အနာဂတ် တောက်ပသော လူငယ်လေးကို လက်လွှတ်ရန် စိတ်ကူးမရှိချေ။ မော်ရင်ဟို လက်အောက်တွင် ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်မှာ လက်ရှိ ဗဟိုခံစစ်နေရာမှ ညာခြမ်းသို့ ပြန်လည်ပြောင်းရွှေ့ ကစားရဖွယ် ရှိနေသည်။ လတ်တလောတွင် လုဇ်ကို ဘာစီလိုနာနှင့် ရီးယဲလ်အသင်းများက စိတ်ဝင်တစား ရှိနေကြောင်းလည်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
soccermyanmar
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
May
(981)
-
▼
May 22
(31)
- ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း (၁ဝ)ကြိမ်မြောက် က...
- တောင်ငူတစ်ခရိုင်လုံးရှိ အမျိုးသမီးများ၏ လက်ဗွေရာမျ...
- ၂၀၁၅ – ၁၆ မှာ ၂၄ နာရီ လျှပ်စစ်မီးတကယ် ရတော့မလား
- မိုဘိုင်းဖုန်းနှင့် ကျန်းမာရေး
- ရှုရှားနိုင်ငံထုတ် ဘက်စုံသုံး ရဟတ်ယာဉ်များ အိန်္ဒိယ...
- လာဘ်စားမှုကင်းသော ကျောင်းအပ်လက်ခံမှု ဖြစ်ရေး နာမည်ကြ...
- ပြေးလမ်းမပါ အတက်အဆင်း ပြုလုပ်မှုအား ပထမဆုံးအကြိမ်ြ...
- ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုစာရင်းကိုင်သင်တန်း ပညာသင်...
- ချယ်လ်ဆီးသို့ မော်ရင်ဟို ပြန်ရောက် လာချိန်တွင် ဦး...
- ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အားတက်ဖွယ် မရှိသေး
- မဟတ္တမ ဂန္ဓီ၏ သွေးနမူနာကို လန်ဒန်မြို့တွင် လေလံတင်ေ...
- CNN ရဲ့ မြန်မာနိုင်ငံမှ Icon of Reform နဲ့ သီးသန့်...
- သြစီမိုင်းတွင်းလုပ်ငန်းတွေ မြန်မာမှာ ရင်းနှီးမြုပ်...
- သြစီနဲ့ကန် အာရှ ပစိဖိတ်အတွင်း ပိုမိုအလေးပေးဖို့ ကြ...
- လည်ချောင်းနာခြင်းနဲ့ သွားတိုက်တံ
- ဖိုးသောကြာရဲ့ စတိုင်သစ်နဲ့ဆိုဟန် ၂၀၁၃ မကုန်ခင် ကြာ...
- ခံတွင်းကျန်းမာရေး ကောင်းမွန်ဖို့ နည်းလမ်းများ
- လက်ရှိ ဘဏ်တိုးနှုန်းထက် ထက်ဝက်ခန့် လျော့နည်းမည့် My...
- နှစ်ပေါင်း ၅၀ ကျော်ကြာ ဈေးကွက်လက်ဝါးကြီး အုပ်ထားေ...
- ကရင်လက်နက်ကိုင် အဖွဲ့များအကြား ပြန်လည်သင့်မြတ်ရေး ...
- ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်း...
- ပြည်သူ့ရင်ပြင်၊ ရွှေတိဂုံဘုရားနှင့် အနီးကပ်ဆုံး နေရ...
- အမေရိကန် မြန်မာ ကုန်သွယ်ရေး သဘောတူညီမှု လက်မှတ်ထိုး
- နော်အားလိုဝါးဖော နဲ့ ခင်မိုးဝေ တို့ သွင်းဂိုးများန...
- မြောက်ကိုရီးယားအစိုးရက တရုတ်ငါးဖမ်းသင်္ဘောသားများကို...
- မဟာမြတ်မုနိဘုရားကြီးအား သြဒိဿဥဒက(ပန်းမန်ပူဇော်ပွဲ)
- တရုတ်ရေပိုင်နက် ကျူးကျော်သူများ ကာကွယ်ရန်ဖိလစ်ပိုင...
- မြစ်ဆုံကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က တရုတ်...
- ဆန္ဒပြသူ များကို ရော်ဘာ ကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့သော ရ...
- မြန်မာတနိုင်ငံလုံးရှိ ကျောင်းနေအရွယ် ကလေးအားလုံး ပ...
- ထပ်လိုသေးလား မိန်းခလေးရယ် ...
-
▼
May 22
(31)
-
▼
May
(981)