ရုရှားနိုင်ငံမှ
Rosoboronexport ကုမ္ပဏီသည် Ka-226 T ဘက်စုံသုံး ရဟတ်ယာဉ်များကို အိန်္ဒိယ
နိုင်ငံသို့ ရောင်းချရန် ကြိုးပမ်းလျက်ရှိသည်။
Kamov ရဟတ်ယာဉ် ပုံစံရေးဆွဲ ထုတ်လုပ်ရေး (Kamov design bureau) ဗျူရိုမှ ထုတ်လုပ်ပြီး ခရီးသည်ခြောက်ဦး သို့မဟုတ် ကုန်တန်ချိန် ၁၃၅၀ ကီလိုဂရမ်အထိ သယ်ယူနိုင်သည်။
အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊ ရဲတပ်ဖွဲ့များ ကင်းလှည့်ခြင်းနှင့် သယ်ယူ ပို့ဆောင်ခြင်း အတွက် ဘက်စုံ အသုံးတည့်မည့် ရဟတ်ယာဉ် အမျိုးအစားဖြစ်သည်။ အဆိုပါ ရဟတ်ယာဉ် တစ်စင်း၏ တန်ဖိုးမှာ အိန်္ဒိယ ရူပီး၂၈ သန်းနှင့် သန်း ၃၀ အကြား (အမေရိကန် ဒေါ်လာ ၁ သန်း) ခန့် ရှိသည်။
Rosoboronexport ကုမ္ပဏီသည် ရုရှားနိုင်ငံအခြေစိုက် ကာကွယ်ရေး ပစ္စည်း တင်ပို့ ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။
Mrtv-4