အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 May, 2013

မဟတ္တမ ဂန္ဓီ၏ သွေးနမူနာကို လန်ဒန်မြို့တွင် လေလံတင် ရောင်းချ


အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး မဟတ္တမ ဂန္ဓီ၏ သွေးနမူနာများ ပါရှိသော အဏုကြည့် မှန်ချပ်နှစ်ချပ်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ယနေ့တွင် လေလံတင် ရောင်းချခဲ့ကြောင်းနှင့် စတာလင်ပေါင် ၁ဝဝဝဝ မှ ၁၅ဝဝဝ အကြားရှိ ဈေးနှုန်းဖြင့် ရောင်းချမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
အဆိုပါ မှန်နှစ်ချပ်ကို မဟတ္တမဂန္ဓီ က မွမ်ဘိုင်းမြို့ အနီးတွင် အူအတက် ခွဲစိတ် ဖြတ်တောက် ခံယူခဲ့သည့် ၁၉၂၄ ခုနှစ် အတွင်းက ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန် က ၎င်းသည် အတူနေ မိသားစုများ ထံသို့ သွေးလှူဒါန်းခဲ့သည်ဟု ယူဆရသည်။
ယင်းအသုံးဆောင် ပစ္စည်းသည် ဂန္ဓီ၏ တပည့်များက ကြည်ညိုမြတ်နိုးသော ပစ္စည်းများ ဖြစ်ကြောင်းနှင့် မှန်ချပ်နှစ်ချပ်၊ ဂန္ဓီ၏ ကြိုးသိုင်းဖိနပ်၊ ခြုံစောင်နှင့် အိပ်ရာခင်း အပါအဝင် Mullock's လေလံတင် ကုမ္ပဏီက ရယူ စုဆောင်းထားသော ပစ္စည်းများဖြစ်ကြောင်း ကုမ္ပဏီမှ သမိုင်းဆိုင်ရာ အထောက်အထား ပညာရှင်ရီချက်ဒ် ဝက်စ်ဝုဒ် ဘရိုကီစ်က ပြောကြားသည်။

၁၉၄၈ ခုနှစ်က ဂန္ဓီလုပ်ကြံ သတ်ဖြတ် ခံရသည့် မြေမှရရှိသည့် သွေးစွန်းနေသော ဓားသွားနှင့် မြေနမူနာများကို ပြီးခဲ့သည့်နှစ်က Mullock's ကုမ္ပဏီက စတာလင်ပေါင် ၁၅၂ဝဝ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

မြ၀တီ

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...