အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

22 May, 2013

လာဘ်စားမှုကင်းသော ကျောင်းအပ်လက်ခံမှု ဖြစ်ရေး နာမည်ကြီးကျောင်းများ၌ ညွှန်ချုပ်များကိုယ်တိုင် စောင့်ကြည့်မည်

ရန်ကုန်နာမည်ကြီး ကျောင်းများ ၏ ကျောင်းအပ်လက်ခံမှု အနေအထား ကို ညွှန်ကြားရေးမှူးချုပ်များ ကိုယ်တိုင် ဂရုပြုစောင့်ကြည့်ကြရန် ပညာေ ရး ဝန်ကြီးဌာနက ညွှန်ကြားထားသည်။
ကျောင်းဝင်ကြေးအတွက် ပွဲစားခ သိန်းချီပေးရသည်ဟု သတင်းများ ထွက် ပေါ်ခဲ့ဖူးသော နာမည်ကြီးကျောင်းများ ကို ၂ဝ၁၃-၂ဝ၁၄ ပညာသ င်နှစ်၌ ပညာ ရေးအဆင့်မြင့် အရာရှိကြီးများအား ကိုယ်တိုင် စောင့်ကြည့်စေခြင်းမှာ ပထမဦးဆုံးဖြစ်သည်ဟုပညာရေး ဝန်ကြီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးကြူက ”ထင်သာမြင် သာရှိရပါမယ်။ ဒါ့ကြောင့် စောင့်ကြည့် ကြဖို့ ညွှန်ကြားခဲ့တာပါ”ဟု ပြောသည်။
အခြေခံပညာအဆင့်၌ တစ်နိုင်ငံ လုံးကျောင်းအပ်လက်ခံမှုကို မေလ နောက်ဆုံးပတ်အတွင်း စတင်တော့မည် ဖြစ်ရာ အချိန်မီ ညွှန်ကြား လိုက်ြ ခင်း ဖြစ်သည်ဟု ဒုတိယဝန်ကြီးက ဆက် ပြောသည်။

”မူလတန်းအဆင့်မှာ ပိုက်ဆံ လုံးဝ မကောက်ရဘူး။ ခေါင်းစဉ် အမျိုးမျိုး နဲ့လည်း အလှူမခံရဘူး” ဟု ဒုတိယ ဝန်ကြီးက ပြောသည်။ နာမည်ကြီး ကျောင်းများ၏ ကျောင်းအပ်လက်ခံမှုအပြင် အခြေခံ ပညာကျောင်းများအားလုံး၏ ကျောင်း အပ်လက်ခံမှုကိုလည်း စောင့်ကြည့် သွားမည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရသည်။မူလတန်းပညာရေးမှာ အခမဲ့ ဖြစ်ပြီး နိုင်ငံတော်က ကျောင်းအပ်နှံ သည့် မူလတန်းကလေးတိုင်းကို ကျပ် ၁ဝဝဝ စီ ချီးမြှင့်ခြင်းနှင့် အလယ်တန်း အဆင့်နှင့် အထက်တန်းအဆင့်တို့ကို လည်း သတ်မှတ်နှုန်းထားအတိုင်းသာ ရယူရန် ပညာရေးဝန်ကြီးဌာနက တိုက် တွန်းနှိုးဆော်ထားသည်။အထက (၁) ဒဂုံမှ ကျောင်းအုပ် ကြီး ဦးအောင်ကိုကိုက ”ပညာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ပမာဏကလွဲလို့ အလှူငွေကောက်ခံ တာတို့ မယူမနေရ ပစ္စည်းရောင်းတာ တို့ကို လုပ်ဆောင်မှာ မဟုတ်ပါဘူး။ အတိအကျ လိုက်နာမှာပါ”ဟု ပြော သည်။ ၄င်းအြ ပင် ကျောင်းသားအသစ်၊ အဟောင်း လက်ခံမှုတွင်လည်း ဌာန လမ်းညွှန်နှင့်အညီသာ အခမဲ့လုပ်ဆောင် မည်ဟု ကျောင်းအုပ်ကြီးက ဆိုသည်။
”တာဝန်အရ ပြောင်းရွှေ့လာတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းသားသမီးတွေ ရယ် အိမ်ထောင်စုတွေရဲ့ သားသမီးတွေ ဒါတွေက ကျောင်းသားအသစ်ေ တွပေါ့။ သူတို့တွေကိုလည်း လက်ခံပေးသွားပါ့ မယ်။ ကျောင်းရဲ့ဝင်ဆံ့ပုံပေါ်မူတည်ပြီး တော့ပါ”ဟု ၄င်းကပင်ဆက်ပြောသည်။

မင်းသူအောင်
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...