တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့ လီကွမ်းဗုဒ္ဓ စွယ်တော်တိုက် ဆရာတော်
Ven.Shi Chang Zang က လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး
ဌာနသို့ ပထမအသုတ် အနေဖြင့်ထွန်စက်ကြီး နှစ်စီး၊ လက်တွန်း ထွန်စက် ၁၅ စီး၊
ရိတ်သိမ်း ခြွေလှေ့စက် တစ်စီး၊ လက်တွန်း ကောက်စိုက်စက် တစ်စီးနှင့်
လယ်ယာသုံး သယ်ပို့ယာဉ် သုံးစီးတို့ကို လှူဒါန်းခဲ့ပြီး ဒုတိယအသုတ် အနေဖြင့်
လယ်ယာသုံး လေးဘီးထွန်စက်ငယ် အစီး ၃ဝ ကို ပေးအပ် လှူဒါန်းခဲ့သည်။
ဒက္ခိဏ သီရိမြို့နယ် ဟိုတယ်ဇုန် အနီး စက်မှုလယ်ယာ မြေဧက ၃ဝဝဝ စိုက်ကွင်း
ရှင်းလင်းဆောင်၌ ယနေ့နံနက်ပိုင်း တွင် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်တိုက်
ဆရာတော် Ven.Shi Chang Zang နှင့် ဆရာတော် ၁၇ ပါးတို့က လယ်ယာသုံး
စက်ကိရိယာများ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စု
ဝန်ကြီး ဦးမြင့်လှိုင်က လယ်ယာသုံး စက်ကိရိယာ များနှင့် ပတ်သက်သည့်
ဂုဏ်ပြု မှတ်တမ်းလွှာနှင့် သစ်သီးများကို ဗုဒ္ဓ စွယ်တော်တိုက် ဆရာတော်အား
ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ဗုဒ္ဓစွယ်တော်တိုက် ဆရာတော်က
လှူဒါန်းရခြင်း ရည်ရွယ်ချက် နှင့် မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ဖွံ့ဖြိုး
တိုးတက်ရေး အတွက် လယ်ယာသုံး စက်ကိရိယာများ ဆက်လက် လှူဒါန်းမည့် အစီအစဉ်ကို
မိန့်ကြားသည်။ ယင်းနောက် လေးဘီး ထွန်စက်ငယ် များကို ကြည့်ရှု စစ်ဆေး ကြသည်။
ထို့နောက် ဗုဒ္ဓစွယ်တော်တိုက် ဆရာတော်နှင့် ပြည်ထောင်စု ဝန်ကြီးတို့သည်
စက်မှု လယ်ယာမြေ ဧက ၃ဝဝဝ နွေစပါး စိုက်ခင်းနှင့် ထွန်စက်ကြီးများ၊ လက်တွန်း
ထွန်စက်များဖြင့် ထွန်ယက် နေမှုများကို ကြည့်ရှု အားပေး ကြသည်။
ယင်းနောက် ချိုင်းကျေးရွာ အနီး လယ်ယာထွက်ကုန် များနှင့် မျိုးစေ့
အရောင်းဆိုင်များ၊ ပျဉ်းမနား မြို့နယ် အနီး အလျင်လို ကျေးရွာရှိ သစ်သီးဝလံ
အဆင့်မြင့် ထုပ်ပိုး သန့်စက်ရုံ၌ ပျားလိမ္မော်များ ထုပ်ပိုးနေမှုနှင့်
ဘက်စုံသုံး လက်တွန်း ထွန်စက်များ၊ မျိုးစေ့သန့်စင် စက်များ၊
ရိတ်သိမ်းခြွေလှေ့စက် များကို ကြည့်ရှု အားပေးကြသည်။
ဗုဒ္ဓစွယ်တော်တိုက် ဆရာတော်သည် မြန်မာနိုင်ငံ ခရီးစဉ်၌ မန္တလေး၊ နေပြည်တော်၊
ရန်ကုန်မြို့တို့၌ ဗုဒ္ဓစွယ်တော်ပွား သုံးဆူနှင့် ရတနာ ရွှေကျောင်းဆောင်
တို့ကို ဘုရား အနေကဇာတင် လှူဒါန်း ရေစက်ချခြင်း၊ မန္တလေးမြို့ရှိ သာသနာ့
တက္ကသိုလ်၌ သာသနိက အဆောက်အအုံများ ဆောက်လုပ် လှူဒါန်းခြင်း၊ ပုဂံမြို့၌
ရှေးဟောင်း စေတီတော်အား မွမ်းမံ ပြင်ဆင်ခြင်းနှင့် ဧရာဝတီတိုင်း ဒေသကြီး
အတွင်း၌ သောက်သုံးရေ ရရှိရေး လှူဒါန်းခြင်း တို့ကို ဆောင်ရွက်လျက်
ရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 26
(21)
- သံဃာ့ဆွေးနွေးပွဲ နိုင်ငံတဝှမ်းက သံဃာတော် ရာနဲ့ချီ...
- မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ
- ရေချိုငါးသလောက် မျိုးတုံးလုနီး ရှားပါး
- မန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှ...
- မျိုးစောင့်ဥပဒေအတွက် လက်မှတ်စုဆောင်းခဲ့ကြသည့် သံတွ...
- ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့် ရခြင်းကို ဂုဏ်ပြုမှု...
- လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦ...
- အရက် စွဲခြင်းကြောင့် အာဟာရ ပြတ်လပ်မှု အကြောင်း သိကေ...
- အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်င...
- အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးတဲ့ ပွင့်
- သရုပ်ဆောင် မိုးဟေကို ရဲ့မွေးနေ့
- ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး Master Plan ယခ...
- တရုတ်နိုင်ငံ ဗုဒ္ဓစွယ်တော်တိုက် ဆရာတော် လယ်ယာသုံး စ...
- ကမ္ဘာ့အတော်ဆုံး စစ်တုရင် ပညာရှင်
- ကမ္ဘာ့ခရီးသွားဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ...
- ခရီးသည်တင် မှန်လုံယာဉ်နှင့် ကုန်တင်ယာဉ် တိုက်မှုဖြစ...
- လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ
- ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နော...
- ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေး...
- ဒလမြို့ကိုတဲ့ အပြိုင်သိမ်းကြမယ်ကြံ
- တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ...
-
▼
Jun 26
(21)
-
▼
June
(712)