အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 June, 2013

လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဌာနတွင်း လာဘ်ပေး၊ လာဘ်ယူမှု များအား တင်းကြပ်စွာ အရေးယူ သွားရန်ရှိ

ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဝင်း အတွင်းရှိ သဘင်ဆောင်မှာ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှဝန်ထမ်းများနဲ့ တာဝန်ရှိ သူများ အကြား တွေ့ဆုံမှုများ ပြုလုပ်ခဲ့ ပါတယ်။ အဲ့ဒီ တွေ့ဆုံမှုမှာ တာဝန်ရှိသူရဲ့ ပြောပြချက် အရ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တိုင်း၊ ခရိုင် ၊ မြို့နယ် အလိုက် ဌာနတွင်း တာဝန် ထမ်းဆောင် လျက်ရှိတဲ့ ၀န်ထမ်းများဟာ လာဘ်ပေး လာဘ်ယူ ကိစ္စရပ်များ ကျူးလွန်ခြင်း မပြုလုပ်ဖို့နဲ့
ကျူးလွန်မှုတွေ ကိုလည်း တင်းကြပ်စွာ အရေးယူ ဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

အခုလို ပြောကြားရာ မှာတော့ ၀န်ထမ်းတွေ အနေနဲ့ လုပ်ငန်းခွင် အတွင်းမှာ စည်းကမ်း ရှိကြဖို့နဲ့ ပြည်သူများအား ၀န်ထမ်းများမှ မျက်နှာလိုက်မှု မရှိပဲ ဂရုတစိုက် ပြုမူ ဆက်ဆံဖို့ စတာတွေကိုပါ မှာကြား ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီတွေ့ဆုံမှုမှာ ယခုလက်ရှိ လုပ်ဆောင် လျက်ရှိတဲ့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ယူဖို့ ကောက်ကွက် ရေးဆွဲမှုတွေနဲ့ ပတ်သက်ပြီးလည်း လိုအပ်တာ တွေကို ဖြည့်တင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ယခုလက်ရှိ မှာတော့ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင် ဦးစီးဌာန အနေနဲ့ မိုးပွင့်စီမံချက် တွေကို ဆောင်ရွက်ခဲ့ရာမှာ မိုးပွင့် အဆင့် ၅ အထိလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ယခုတွေ့ဆုံပွဲ မှာတော့ အဓိက အနေနဲ့ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ခရိုင် ၄ ခရိုင်မှ ၀န်ထမ်းတွေကို လာဘ်ပေး လာဘ်ယူခြင်း ကင်းအောင်နဲ့ သက်ဆိုင်ရာ တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်ကြစေဖို့ ပြောကြား ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

MRTV-4

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...