တောင်ကိုရီးယားက တံတားဆောက်မည်ဆိုသော သတင်းထွက်ပေါ်ပြီး ရက်ပိုင်းအတွင်း
ဈေးအဆမတန် မြင့်တက်လာသော ရန်ကုန် တစ်ဖက်ကမ်း ဒလမြို့ မြေကွက်များအား
ရှမ်းတရုတ်ဟု ထင်ရသူများက ရောင်းသမျှ အကုန်လိုက်ဝယ်နေကြောင်း နယ်မြေခံ
ပြည်သူများနှင့် အိမ်ခြံမြေ ပွဲစားများက မဇ္စျိမသို့ ပြောကြားသည်။တံတားတည်ဆောက်မည်ဟု
သတင်းများ မထွက်ပေါ်မီက ကျပ် သိန်း ၅ဝ၊ ၆ဝ ဝန်းကျင်တန်ဖိုးရှိ ဒလမြို့ရှိ
မြို့ပေါ်ရပ်ကွက်အချို့မှ မြေကွက်များသည်
သတင်းထွက်ပေါ်ပြီး ရက်ပိုင်းအတွင်း
အနည်းဆုံး ကျပ် သိန်းပေါင်း၂ဝဝ မှ ၅ဝဝ အထိ မြင့်တက်သွားကြောင်း ယင်းတို့က
ပြောကြားသည်။
ဒလမြို့ဒေသခံ အိမ်ခြံမြေ အကျိုးဆောင် ဦးဥာဏ်မြင့် က ''ရှမ်းတရုတ်တွေက မြို့ထဲအထိဆင်းပြီး
အုပ်စုလိုက်
ကားတွေနဲ့ လှည့်ဝယ်နေတယ်။ နိုင်ငံခြားသားတွေတော့ မဟုတ်လောက်ပါဘူး။ ရပ်ကွက်
တိုင်းမှာလည်း ပွဲစားတန်းတွေ ပေါ်လာတယ်။ ဒေသခံတွေက ပွဲစားတွေဖြစ် ကုန်တယ်။
တံတားပြီးရင်တော့ သိန်း ထောင်ဂဏန်း ဖြစ်လာနိုင်တယ်'' ဟု ပြောသည်။
လက်ရှိအချိန်တွင် ဒလမြို့ပေါ် ရပ်ကွက်အချို့တွင် ပေ၂ဝx ပေ၆ဝ၊ ပေ၂၅x ပေ၅ဝ နှင့် ပေ၄ဝx ပေ၆ဝ
မြေကွက်များအား ကျပ်သိန်းထောင်ချီ၍ ဈေးခေါ်နေကြသော်လည်း လက်တွေ့ အရောင်းအဝယ်
ဖြစ်သော ဈေးမှာ အများဆုံး ကျပ်သိန်း ၅ဝဝ အထိသာဖြစ်သေးကြောင်း အိမ်ခြံ မြေ အကျိုးဆောင်များနှင့် ဒေသခံပြည်သူများက ဆက်လက်ပြောကြားသည်။
ဒလမြို့နယ်
ကနောင်မင်းသားလမ်းရှိ အိမ်ခြံမြေ အကျိုးဆောင် ဦးထွန်းထွန်း က ''
အခုအထောက်အထား ခိုင်လုံတဲ့ မြေကွက်ဟူသမျှကို လိုက်ဝယ်နေကြပါတယ်။
ဈေးကစားတဲ့သူတွေ အရောင်းအဝယ် နည်းတာဖြစ်ပြီး မြေရှင်တွေဆီကပဲ တိုက်ရိုက်
ဝယ်သွားတာ များပါတယ်'' ဟု ပြောကြားသည်။
အထက်ပါကဲ့သို့ မြေဈေးများ
မြင့်တက်လာချိန်တွင် ဒေသခံပြည်သူအချို့အနေဖြင့် ရောင်းလိုအား
မြင့်တက်နေကြောင်း ယင်းတို့က ဆက်လက်ပြောကြားသည်။
အမည်မဖေါ်လိုသူ
ဒလဒေသခံ တစ်ဦးက ''မရှိတဲ့ သူတွေအဖို့ ရောင်းချပြီး
ပြောင်းရွှေ့နေထိုင်ရတာပေါ့။ ရလာတဲ့ ငွေကို အကြွေးတွေဆပ်တယ်။ ဒီရတဲ့
ပိုက်ဆံနဲ့  အခုအချိန် အိမ်ပြန်ဝယ်နိုင်တဲ့သူက ရှားတယ်။ အိမ်ပြန်ငှားပြီး
နေတဲ့သူက များတယ်။ အမှန်က ဒီလို မဖြစ်လာသင့်ဘူး။နေ စရာမရလို့ ရှိရင်ကော
ဘယ်မှာသွား နေရမတုန်း။ ကျူးကျော်နေရင်ကော စည်ပင်နဲ့ ပြဿနာတက်မယ်'' ဟု
ပြောကြားသည်။
၂ဝ၁၂ ခုနှစ် မေလတွင် ရန်ကုန် နှင့် ဒလအား ရေအောက်ကားလမ်း ဖောက်ရန်စီမံချက်ရှိသည်ဟု
ဆောက်လုပ်ရေး ဝန်ကြီးဌာနက သတင်းများ ထုတ်ပြန်ခဲ့သဖြင့် ယင်းအချိန်ကလည်း မြေဈေးများ ထိုးတက်ခဲ့သေးသည်။
စောဇင်ညီ
Mizzima - News in Burmese
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 26
(21)
- သံဃာ့ဆွေးနွေးပွဲ နိုင်ငံတဝှမ်းက သံဃာတော် ရာနဲ့ချီ...
- မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ
- ရေချိုငါးသလောက် မျိုးတုံးလုနီး ရှားပါး
- မန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှ...
- မျိုးစောင့်ဥပဒေအတွက် လက်မှတ်စုဆောင်းခဲ့ကြသည့် သံတွ...
- ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့် ရခြင်းကို ဂုဏ်ပြုမှု...
- လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦ...
- အရက် စွဲခြင်းကြောင့် အာဟာရ ပြတ်လပ်မှု အကြောင်း သိကေ...
- အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်င...
- အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးတဲ့ ပွင့်
- သရုပ်ဆောင် မိုးဟေကို ရဲ့မွေးနေ့
- ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး Master Plan ယခ...
- တရုတ်နိုင်ငံ ဗုဒ္ဓစွယ်တော်တိုက် ဆရာတော် လယ်ယာသုံး စ...
- ကမ္ဘာ့အတော်ဆုံး စစ်တုရင် ပညာရှင်
- ကမ္ဘာ့ခရီးသွားဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ...
- ခရီးသည်တင် မှန်လုံယာဉ်နှင့် ကုန်တင်ယာဉ် တိုက်မှုဖြစ...
- လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ
- ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နော...
- ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေး...
- ဒလမြို့ကိုတဲ့ အပြိုင်သိမ်းကြမယ်ကြံ
- တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ...
-
▼
Jun 26
(21)
-
▼
June
(712)