အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 June, 2013

သံဃာ့ဆွေးနွေးပွဲ နိုင်ငံတဝှမ်းက သံဃာတော် ရာနဲ့ချီ တက်ရောက်မည်

နိုင်ငံတကာက ဗုဒ္ဓဘာသာ အကြောင်းသိရှိအောင် အသိပေးဖို့ ရည်ရွယ်တဲ့ သံဃာ့ဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
မြန်မာတစ်နိုင်ငံလုံးက သံဃာတော်အပါး ၁ဝဝ လောက် ပါဝင်မယ့် အဲဒီ ဆွေးနွေးပွဲကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ဆွေးနွေးပွဲမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက သိရှိအောင် အဓိကထား ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရှိရကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်မယ့်

မကွေးတိုင်း၊ ပခုက္ကူ ရှင်မတောင်ဆရာတော်က RFA ကို မိန့်ကြားပါတယ်။

“ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံနဲ့ချီပြီးတော့ ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓသာသနာရဲ့ ပင်မဘာသာဖြစ်တယ်၊ အဲဒါကို ဆရာတော်တွေက သိသင့်သိထိုက်တာတွေ အသိပေးပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ဖို့ပါပဲ၊ အမျိုးစောင့်ဥပဒေဆိုတာကလဲ ဘုန်းကြီးတို့ တရားနည်းလမ်းကျစွာနဲ့ တိုင်းသူပြည်သားတို့ ရသင့်တဲ့အခွင့်အရေးကို တရားဥပဒေနဲ့အညီ ဘုန်းကြီးတို့ရဖို့ရာ ဆောင်ရွက်ဖို့ပါပဲ”

အဲဒီဆွေးနွေးပွဲကို သီတဂူဆရာတော် အရှင်ဥာဏိဿရ တက်ရောက်ဆွေးနွေးဖို့ရှိသလို မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဦးဝီရသူလည်း တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။

RFA Burmese

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...