နေ့စဉ်
ကမ္ဘာပေါ်ရှိ ဆင်းရဲချမ်းသာ နိုင်ငံကြီးငယ်၊ နေရာဒေသ မရွေးမှ လူတွေအတွက်
ကောင်းကျိုးထက် ဆိုးကျိုး ပဲ ဖြစ်ပေါ်စေတယ် ဆိုတာ သိရဲ့သားနဲ့တစ်ပိုင်တစ်နိုင်ကနေ ပြီးတော့ တခမ်းတနားကြီး သောက် သုံးနေကြတဲ့ အရက်ကို
အီသိုင်းအယ်လ်ကိုဟော လို့ ခေါ်ကြောင်း သိရှိရပါတယ်။ အရက်ကို ကြိုက်နှစ်သက်
သူများကတော့ ယမကာ မှီဝဲတယ်လို့ သုံးနှုန်းကြပြီး အရက် မနှစ်သက်သူများ ကတော့
သေရည်သောက် သုံးတယ်လို့ ပြောကြပါတယ်။ နိုင်ငံကြီး တော်တော်များများမှာ အရက်
သောက်သုံးမှုနဲ့ ပတ်သက်လို့ တိကျ
စွာသုတေသန ပြုမှုတွေရှိပြီး တစ်နေ့ကို
အရက်နှစ်ပက်ခန့် သောက် သုံးခြင်းက သွေးလည်ပတ်မှု မှန်စေ တယ်၊ ဝမ်းမီးကို
တောက်စေတဲ့ အတွက် ညစာစားရာမှာ အဆင်ပြေတယ်။ လူ့ အသည်းကလည်း တစ်ရက်ကို အရက်
ချေဖျက်နိုင်တဲ့ ပက်ရေက အစ တိကျစွာ ထုတ်ပြန် ထားကြ၊ အသိ ပေးထား ကြသည့်
အပြင် အသက် ၁၈ နှစ်အောက် ကလေးများအား အရက်သေစာ မရောင်းချရ၊ ရောင်းချပါက
ရောင်းချသူရော ဝယ်ယူသည့် လူငယ်များကိုပါ အရေးယူမည် ဖြစ်ကြောင်း ဥပဒေ အရပါ
ထိန်းချုပ်တားမြစ် ထားကြတာကို တွေ့ရှိရ ပါတယ်။ ကျွန်တော်တို့
မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲ နိုင်ငံများ အပါအဝင် အခြား ဆင်းရဲတဲ့
နိုင်ငံတွေ၊ မဖွံ့ဖြိုးသေး တဲ့ နိုင်ငံတွေမှာတော့ ဝင်ငွေ နည်းပါးခြင်း၊
အာဟာရဆိုင်ရာ ဗဟုသုတ နည်းပါးခြင်း တွေကြောင့် နဂို အခြေအနေ မှာတောင် အာဟာရ
ချို့တဲ့နေကြတဲ့ ကြားက အရက် အလွန်အကျွံ သောက်သုံးခြင်းကြောင့် အာဟာရ
ချို့တဲ့မှု ထပ်ပေါင်းပြီး ဆိုးရွားတဲ့ အခြေအနေတွေ ကြုံတွေ့ နေရတယ် ဆိုတာ
တွေ့နိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုလို ဖွံ့ဖြိုးပြီး ကမ္ဘာ့ထိပ်တန်း
နိုင်ငံကြီးမျိုး မှာတောင် လူတွေ အာဟာရချို့တဲ့ ရခြင်း၏ အဓိက
အကြောင်းအရင်းမှာ အရက်စွဲခြင်းကြောင့် ဖြစ်ကြောင်း လေ့လာ တွေ့ရှိရပါသည်။
အရက် သောက်သုံးခြင်းကြောင့် အတွင်းပိုင်းခန္ဓာ ကိုယ်အင်္ဂါ အစိတ်အပိုင်း
အားလုံး ထိခိုက်နိုင်ပါတယ်။ အများဆုံးနှင့် တိုက်ရိုက် ထိခိုက် ခံရတာကတော့
အသည်းပဲ ဖြစ်ပါတယ်။ အရက် အလွန်အကျွံ သောက်သုံး မှုကြောင့် အာဟာရ
ထိခိုက်မှုကနေ အသည်း ပျက်စီးမှုထိ ဖြစ်လာနိုင်ပြီး နောက်ဆုံးမှာ အသက်ပါ
ဆုံးရှုံး နေကြတာကို တွေ့မြင်နေဖူး ကြမှာ ဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်
အနေနဲ့ အရက် စသောက်ခါစ နှစ်ပက်၊ သုံးပက်လောက်ပဲ သောက်နိုင်တဲ့ ကာလမှာ
အသည်းကလည်း ချေဖျက် နိုင်သေးတယ်။ ဝမ်းထဲမှာ လည်း ပူလို့ ထမင်း
စားကောင်းသလို ရှိလာပေမယ့် တဖြည်းဖြည်း အရက်စွဲလာပြီး မသောက်ရ မနေနိုင်
ဖြစ်လာပြီ ဆိုရင်တော့ အရက်မှ တစ်ဆင့် အာဟာရ ပြတ်လပ်တဲ့ ရောဂါ ဝင်လာတာမျိုး
ဖြစ်လာမှာ ဖြစ်ပါတယ်။ လူ တစ်ဦးတစ်ယောက်ဟာ အရက် စွဲသွားပြီဆိုရင် အဲဒီလူဟာ
အစာ စားသုံးမှု ပမာဏ နည်းသွားခြင်း၊ စားသုံးလိုက်တဲ့ အစာထဲက အာဟာရ ဓာတ်တွေ
သွေး ထဲ ရောက်အောင် အူထဲမှ စုပ်ယူသည့် လုပ်ငန်းစဉ်များတွင် အရက်
ပါဝင်မှုကြောင့် အာဟာရ ပြည့်ဝစွာ မရနိုင်ခြင်း၊ ခန္ဓာကိုယ် အတွင်း လိုအပ်တဲ့
အာဟာရတွေဟာ အရက်ကြောင့် ပျက်စီးကုန်တာ၊ သောက်တာများလို့ မစားနိုင်တာက
တစ်ဆင့် ခန္ဓာကိုယ်မှ လိုအပ်တဲ့ အာဟာရ ဓာတ်တွေအစား အရက်တွေပဲ ဖြည့်တင်း
နေတတ်လို့ ကြာလာတာနဲ့ အမျှ အာဟာရ ပြတ်လပ်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
အရက်ကို စွဲစွဲမြဲမြဲ သောက်သူတွေ၊ အရက် မသောက် မနေနိုင် အရက် စွဲသူတွေမှာ
ဗီတာမင် A,D၊ ဗီတာမင် B1,B6,B12 ၊ ဗီတာမင် C ဒိုင်ယာစီလို ဓာတ်တွေနဲ့
ဖောလစ်အက်ဆစ် ကဲ့သို့သော အာဟာရ ဓာတ်တွေ ချို့တဲ့နေတာ လေ့လာ တွေ့ရှိရပါတယ်။
ဆေး သုတေသန ဆိုင်ရာ လေ့လာ တွေ့ရှိ ချက်တွေ အရလည်း အရက်စွဲ နေသူတွေမှာ
ဗီတာမင် B1 ချို့တဲ့နေတဲ့ အတွက် ထုံနာစို၊ ထုံနာခြောက် ရော ဂါတွေ
ဖြစ်နိုင်ပါတယ်။ ၎င်းမှတစ်ဆင့် နှလုံးကြွက်သားတွေ အားနည်း ပြီး နှလုံး အလုပ်
မလုပ်တော့ဘဲ အသက် ဆုံးရတတ်ပါတယ်။ ထို့ပြင် ဦးနှောက် ထိခိုက်ပြီး
မေ့လျော့ခြင်း အပါအဝင် အခြား စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ အမျိုးမျိုး
ခံစားရ နိုင်ပါတယ်။ ဗီတာမင် A ချို့တဲ့မှုကြောင့် အသည်းခြောက် ရောဂါ
ခံစားရနိုင်တဲ့ အပြင် ကြက်မျက် သင့် ရောဂါကိုပါ ခံစား ရနိုင်ကြောင်း
သိရှိရပါတယ်။
အရက်စွဲ နေသူတွေ အနေနဲ့ ဖောလစ်အက်ဆစ်
ချို့တဲ့မှုကြောင့် ရိုးတွင်းချဉ်ဆီတွေ ထဲမှာ သွေးနီဥတွေ ပုံမှန် မဖြစ်ပေါ်
မကြီးထွား လာဘဲ သွေးအားနည်း ရောဂါ ဖြစ်လာကြတာ တွေ့နိုင်ပါတယ်။ ဒါ့အပြင်
အရက် အလွန် အကျွံ သောက်သုံးမှုကြောင့် အရိုးပွ၊ အရိုးပါး ရောဂါဖြစ်ဖို့
အလားအလာ ပိုများပါတယ်။ ထို့ပြင် အရက် စွဲနေသူတွေမှာ အခြား သတ္တုအာဟာရ
ဓာတ်များ၊ ပရိုတင်းနှင့် ကယ်လိုရီဓာတ် များစွာဟာလည်း ခန္ဓာကိုယ်ရဲ့ ပုံမှန်
လည်ပတ်မှု လုပ်ငန်းတွေ မလုပ်နိုင်တာကြောင့် အာဟာရဆိုင်ရာ လိုအပ်သည့် ဓာတ်တွေ
အများအပြား ဆုံးရှုံးနေပြီး ၎င်း ဆုံးရှုံးမှုမှ တစ်ဆင့် ရေရှည် အရက်စွဲလာမှု
မြင့်မားလာသည်နှင့် အမျှ အာဟာရ ချို့တဲ့မှုသည်လည်း တစ်ပါတည်း နောက်က ကပ်ပါ
ခြိမ်းခြောက်လာပြီး ရောဂါ မျိုးစုံကလည်း ဝင်ရောက်ရန် အသင့် အနေအထားမှာ
ရှိနေသည့်အတွက် အရက် သောက်သုံးမှုကို လျှော့ချ ဆင်ခြင် သင့်ပါကြောင်း
တိုက်တွန်း ရေးသား လိုက်ရပါသည်။
မြ၀တီ
26 June, 2013
အရက် စွဲခြင်းကြောင့် အာဟာရ ပြတ်လပ်မှု အကြောင်း သိကောင်းစရာ
အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်
-
▼
2013
(1949)
-
▼
June
(712)
-
▼
Jun 26
(21)
- သံဃာ့ဆွေးနွေးပွဲ နိုင်ငံတဝှမ်းက သံဃာတော် ရာနဲ့ချီ...
- မြန်မာကို တိုက်ရိုက်ကူညီမှု ပေးဖို့ သြစီက စီစဉ်နေ
- ရေချိုငါးသလောက် မျိုးတုံးလုနီး ရှားပါး
- မန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှ...
- မျိုးစောင့်ဥပဒေအတွက် လက်မှတ်စုဆောင်းခဲ့ကြသည့် သံတွ...
- ချယ်လ်ဆီးသို့ ပြောင်းရွှေ့ခွင့် ရခြင်းကို ဂုဏ်ပြုမှု...
- လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦ...
- အရက် စွဲခြင်းကြောင့် အာဟာရ ပြတ်လပ်မှု အကြောင်း သိကေ...
- အဲပုဂံပေါ် ဓားကိုင်တက်ရောက်ရန် ကြံစည်သူ တရုတ်နိုင်င...
- အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးတဲ့ ပွင့်
- သရုပ်ဆောင် မိုးဟေကို ရဲ့မွေးနေ့
- ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး Master Plan ယခ...
- တရုတ်နိုင်ငံ ဗုဒ္ဓစွယ်တော်တိုက် ဆရာတော် လယ်ယာသုံး စ...
- ကမ္ဘာ့အတော်ဆုံး စစ်တုရင် ပညာရှင်
- ကမ္ဘာ့ခရီးသွားဆု ဆန်ခါတင်စာရင်းတွင် မြန်မာနိုင်ငံမှ...
- ခရီးသည်တင် မှန်လုံယာဉ်နှင့် ကုန်တင်ယာဉ် တိုက်မှုဖြစ...
- လူတွေအတွက် နောက်ထပ် ကမ္ဘာသစ် သုံးလုံးတွေ့ရှိ
- ဒေါ်ဝါဝါဝင်းရွှေနဲ့ လုပ်ငန်းရှင်ဦးကျော်မြင့်အမှု နော...
- ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေး...
- ဒလမြို့ကိုတဲ့ အပြိုင်သိမ်းကြမယ်ကြံ
- တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး ...
-
▼
Jun 26
(21)
-
▼
June
(712)