အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

26 June, 2013

မန်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပ်သိန်းပေါင်း ၇သောင်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

၂၆နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့အထိမ်းမှတ်အဖြစ်
ကျပ်သိန်းပေါင်း ခုနှစ်သောင်း ခုနှစ်ထောင်ခြောက်ရာ လေးသိန်းခြောက်သောင်းသုံး ထောင်သုံးဆယ့်သုံးတန်ဖိုးရှိ
မူးယစ်ဆေးဝါးမျိုးစုံ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ယနေ့မနက် ၈နာရီခန့်က မန်း တွင်ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းနားအား ရွှေမန်းတောင် အားကစားကွင်းတွင် ပြုလုပ်ခဲ့ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး

ဗိုလ်မှူးကြီးအောင်ကျော်မိုး၊မန္တလေးတိုင်းဒေ သကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဥက္ကဌ၊
မန္တလေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးအုန်းလွင် မန္တလေးမြို့တော်ဝန်ဦးအောင်မောင်း၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးစိုးသိန်း၊
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ဝင်းအောင် စသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများတက်ရောက်ခဲ့သည်။

ဖိုးလပြည့်
Popular Myanmar News Journal

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...