အင်တာနက်မှသင်ဆရာမြင်ဆရာနှင့်မိတ်ဆွေအားလုံးကိုဧရာဝတီသားမှနွေးထွေးပျူငှာစွာကြိုဆိုပါတယ်ခင်ဗျာ။မြင်ဆရာများဇြစ်ကြသောအလင်ရောင်ကြယ်များမလေးရှားကဆရာကိုဂေါ်လီ၊ထိုင်းနိုင်ငံမှကနောင်သားလေး၊ဘလော့ခရီးသည်၊ညီနေမင်း၊ဦးဇော်၊မောင်စေတနာနှင့်အင်တာနက်မှဆရာသမားများအားလုံးကိုကျေးဇူးအထူးတင်လျှက်ပါပဲခင်ဗျာ၊၊

27 June, 2013

ရန်ကုန်မှာ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတုကို မိုးသီးဇွန် တက်မယ်

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲ ကျင်းပမှာဖြစ်ပြီး အဲဒီအခမ်းအနားကို အမေရိကန် ပြည်ထောင်စုရောက် ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမိုးသီးဇွန် တက်ရောက်ဖို့ ရှိပါတယ်။
 ရှစ်လေးလုံးကာလ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမိုးသီးဇွန်ဟာ အဆိုပါ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲ တက်ရောက်ဖို့ မြန်မာသံရုံးက ဗီဇာ ရပြီးဖြစ်တယ်လို့လည်း

ဦးမိုးသီးဇွန်က ဧရာဝတီကိုပြောပါတယ်။

"ကျနော် ဗီဇာ ၃ လ ရထားပြီးပါပြီ" လို့ သူက ပြောပါတယ်။

ရှစ်လေးလုံး ကာလ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာတော့ ဗကသ လို့ အမည်ရှိတဲ့ ကျောင်းသား သမဂ္ဂကို ရန်ကုန် တက္ကသိုလ် သမဂ္ဂ ရင်ပြင်မှာ ကြေညာခဲ့စဉ်က ဥက္ကဋ္ဌအဖြစ် ကိုမင်းကိုနိုင်၊ ဒု ဥက္ကဋ္ဌ အဖြစ် ကိုကိုကြီးနဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် ကိုမိုးသီးဇွန်တို့ ဖြစ်ပြီး ဒါဟာ နှစ်ပေါင်း ၂၆ နှစ် အကြာ မှာ ကျောင်းသား သမဂ္ဂကို ပြန်လည် အသက်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဦးမိုးသီးဇွန်ရဲ့ မြန်မာပြည် ဒီတခေါက်သွားမယ့်ခရီးဟာ ဒုတိယ အကြိမ်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း လွန်ခဲ့တဲ့ နှစ်ကလည်း မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့ပါသေးတယ်။

အဲဒီခရီးစဉ်အတွင်းမှာ တချိန်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြောင်းလဲရေးလုပ်ငန်းတွေမှာ ဘယ်လို ပါဝင်ကူညီလုပ်ဆောင်ရမလဲ ဆိုတာတွေလည်း ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။

ဦးမိုးသီးဇွန် ၁၉၈၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံက ထွက်ခွာလာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဥက္ကဋ္ဌ တာဝန်လည်း ထမ်းဆောင်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံက မထွက်ခွာခင် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးကာလ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင် အဖြစ်ကနေ လူငယ် ကျောင်းသားများ အများစု စုဖွဲ့ထားတဲ့ ထိုစဉ်က ဒုတိယ အကြီးဆုံး အတိုက်အခံ ပါတီ ကြီးတခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌတာဝန်လည်း ထမ်းဆောင်ခဲ့ဖူးပါတယ်။

ဧရာဝတီblog

အပါတ်စဉ်တင်သမျှပို့စ်များခေါင်းစဉ်အတိုင်းကလစ်၍ဖတ်နိုင်ပါတယ်

Related Posts Plugin for WordPress, Blogger...