ဆိုတာကို နဝရတ်က “အစ်မက ဒီဇာတ်ကားမှာ မြန်မာပြည်ကနေ မလေးရှားမှာသွားပြီးအလုပ်လုပ်တဲ့ကောင်မလေးတစ်ယောက် အဖြစ် သရုပ်ဆောင်ရမှာ ပါ။ ဒီဇာတ်ကားကို မလေးရှားနိုင်ငံမှာ အစ်မတို့သွား ရိုက်ရမှာ။ ဒါရိုက် တာခိုင်းတဲ့ အတိုင်း အစ်မလုပ် သွားမှာပါ။အစ်မကြိုက်တဲ့ဇာတ်ကို ရိုက်တဲ့ အတွက် အခက်အခဲ တော့ ဖြစ်မှာမဟုတ်ပါဘူး။ မြန်မာလူထုကိုယ်စား၊ တစ်မျိုးသားလုံး ကိုယ်စား ဒီလိုဖြစ်ခဲ့တဲ့ကောင်မလေးရဲ့ ဖြစ်ရပ်မှန် ဇာတ် လမ်းလေးကို ရိုက်ရမှာလည်း ဖြစ်တယ်။ ပြီးတော့ မြန်မာတစ်မျိုးသားလုံး ဒီကားကို ကြည့်ပြီးတော့ ‘သွားချင်ဦး နိုင်ငံခြား’ အဲဒီလိုဖြစ်သွားနိုင် လောက်တဲ့ ဇာတ်ဖြစ်တယ်။ သင်ခန်းစာပေးတဲ့ ဇာတ်လည်းဖြစ် တယ်။ ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ရိုက်ကို ရိုက် သင့်တဲ့ ဇာတ်လည်း ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်အမျိုး သမီးတစ် ယောက်အနေနဲ့ယုံယုံကြည်ကြည်နဲ့ သွားရိုက်မယ်” လို့ ပြောပါတယ်။
ဒီဇာတ်ကားလေးကို
နိုင်ငံ ၅ နိုင်ငံဖြစ်တဲ့ မြန်မာအိန္ဒိယ၊အင်ဒိုနီး ရှား၊နော်ဝေး၊
မလေးရှားနိုင်ငံတွေမှာသွားရောက်ပြသမှာ ဖြစ်ကြောင်းကိုနဝရတ် က
“ဒီလိုတခြားနိုင်ငံတွေမှာပါ ပြမှာဖြစ်တဲ့အတွက် တအားဝမ်းသာပါတယ်။
ကိုယ့်မြန်မာပြည်မှာပြဖို့တာတောင် ဒီ လောက်ကြိုးစားနေရ တာ။
ကမ္ဘာမှာပါပြမယ်ဆိုတော့အတိုင်း အထက် အလွန်ပါပဲ။ကိုယ့်နိုင်ငံတိုးတက်အောင်
အစ်မတို့အနေနဲ့ တခြားနိုင်ငံ က အနုပညာနဲ့ပူးပေါင်း ရမှာ။
တတ်ပြီးသားသူတွေနဲ့ပူးပေါင်းမှသာ ဒါမျိုး ကမြန်မှာလေ”
လို့ပြောပြခဲ့ပါတယ်။အဲဒီဇာတ်ကားကိုသြဂုတ်လ၁ဝရက် နေ့ မလေးရှားနိုင်ငံမှာ
စတင်သွားရောက် ရိုက်ကူးမှာဖြစ်ပါတယ်။
တွယ်တာ
POPULAR MYANMAR.COM မှ
သိသမျှ ။